ေဖာက္ေတြကို သဘာဝအတိုင္း ဘယ္လိုဖယ္ရွားနိုင္လဲ

Zawgyi:

(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)

ဦးေခါင္းေပၚကအျဖဴအျဖဴဖတ္ေတြက်လာတာ ဘာေတြလဲလို႔ အံ့ဩမိၾကလား။ အဲဒါေဖာက္ေတြေပါ့။ လူေတာ္ေတာ္မ်ားမ်ားက  ေဖာက္ေတြကို ညစ္ပတ္လို႔ ေခါင္းမေလၽွာ္လို႔ ဆိုၿပီးေတာ့ ယူဆၾကပါတယ္။ တကယ္ေတာ့  ေဖာက္ေတြဟာ အရည္ျပားအေျခအေနေၾကာင့္ ျဖစ္ရတာပါ။ သန္႔ရွင္းေအာင္ေနလဲ  ေဖာက္ရွိနိုင္ပါတယ္။ ဒါေပမယ့္ စိတ္ပူဖို႔မလိုပါဘူး။ ေဖာက္ျပႆနာက ကုသလို႔ရပါတယ္။ ဒီေတာ့ အိမ္မွာရွိတဲ့ သဘာဝ ပစၥည္းေတြနဲ႔ ဘယ္လို ကုသလို႔ရလဲဆိုတာ ၾကည့္ရေအာင္။

၁။ သံပုရာရည္

Image result for lemon juice

သံပုရာရည္ကို ဦး‌ေခါင္းနဲ႔ဆံပင္ေတြကို ႏွံ့ေအာင္ ႏွယ္လိုက္ပါ။

၂၀-၂၅ မိနစ္ေလာက္ထားၿပီး သံပုရာ အစြမ္းျပလာေအာင္ထားလိုက္ပါ။ ဦးေရယားလာရင္ စိတ္မပူပါနဲ႔ ပုံမွန္အေျခအေနပဲ ျဖစ္ပါတယ္။

ၿပီးရင္ ဆံပင္ကို ေဆးခ်လိုက္ပါ။ လိုအပ္ရင္ ေခါင္းေလၽွာ္ရည္ သုံးနိုင္ပါတယ္။


၂။ သံလြင္ဆံ

Image result for olive oil

ေခါင္းမေလၽွာ္ခင္မွာ သံလြင္ဆီကို ၅-၁၀ မိနစ္ေလာက္ လိမ္းႏွပ္ထားပါ။

အိပ္ယာမဝင္ခင္မွာ သံလြင္ဆီကို ေနာက္တစ္ႀကိမ္ လိမ္းထားလိုက္ပါ။ ဆံပင္ကို ေခါင္းစြပ္၊ တဘက္ ဒါမွမဟုတ္ ေခါင္းဦးစြပ္အေဟာင္းနဲ႔ အဆီေတြကို စုပ္နိုင္တဲ့ဟာနဲ႔ စြပ္ၿပီး အိပ္လိုက္ပါ။ ေနာက္ေန႔မနက္ထလာတဲ့အခ်ိန္မွာ ေခါင္းမွာ ေဖာက္ေတြမရွိေတာ့တာကို ေတြ႕ရမွာပါ။


၃။ ၾကက္ဥအႏွစ္

Image result for egg yolk

ၾကက္ဥအႏွစ္ တစ္လုံး ႏွစ္လုံးေလာက္ ေရာေမႊလိုက္ပါ။

ေျခာက္ေနတဲ့ ဦးေခါင္းခြံေပၚကို လိမ္းလိုက္ပါ။ ဦးေရျပားကို ထိေနပါေစ။

ပလတ္စတစ္ေခါင္းစြပ္နဲ႔ စြပ္လိုက္ပါ။ ၾကက္ဥႏွစ္ေတြ ယိုက်လာရင္ နံတာကို သတိျပဳပါ။

၁ နာရီခန္႔ ထားထားပါ။

ေခါင္းေလၽွာ္ရည္နဲ႔ ေသခ်ာေဆးခ်လိုက္ပါ။ ဦးေရျပားသန္႔သြားေအာင္ ႏွစ္ခါေလၽွာ္ရေကာင္း ေလၽွာ္ရနိုင္ပါတယ္။


၄။ ဦးေရျပားကို ထိန္းသိမ္းပါ။

Related image

ေခါင္းပုံမွန္ေလၽွာ္ပါ၊ ဒါေပမယ့္ ခဏခဏမေလၽွာ္ပါနဲ႔။ ေဖာက္ေတြက ဦးေရျပားက ဆဲလ္အေသေတြေၾကာင့္ ျဖစ္လာတာပါ၊ ဆံပင္ေၾကာင့္ မဟုတ္ပါဘူး။
  • ေဖာက္ထေနစဥ္အတြင္းမွာ ဦးေခါင္းကို anti-dandruff shampoo နဲ႔ သက္သာသြား‌ေအာင္ ေန႔တိုင္းေလၽွာ္ေပးသင့္ၿပီးေနာက္မွာေတာ့ anti-dandruff shampoo နဲ႔ တစ္ပတ္ကို ႏွစ္ႀကိမ္ သုံးႀကိမ္‌ေလာက္ေလၽွာ္ေပးသင့္တယ္လို႔ The Mayo Clinic က ေထာက္ခံထားပါတယ္။
  • Chemical ေတြမ်ားတဲ့ ေခါင္းေလၽွာ္ရည္နဲ႔ ေလၽွာ္တာက ဦးေခါင္းကို ပိုမိုေျခာက္ေသြ႕ေစၿပီး ေဖာက္ပိုပြားေစပါတယ္။
Shampoo ကို သူ႔အလုပ္လုပ္ဖို႔ အခ်ိန္ေပးပါ။ အကယ္၍ Anti-dandruff shampoo နဲ႔ ‌ေခါင္းေလၽွာ္တယ္ဆိုရင္ ေရမေဆးခ်ခင္ အနည္းဆုံး ၅ မိနစ္ေလာက္ထားၿပီးမွ ေလၽွာ္ခ်ပါ။

ေဖာက္မထေအာင္ ေခါင္းေလၽွာ္ၿပီးေနာက္မွာ ၿဖီးေပးပါ။ ေခါင္းၿဖီးတာက ဦးေရျပားက ထုတ္တဲ့ သဘာဝအဆီေတြကို ဆံပင္ေတြဆီ ပ်ံေစၿပီးေတာ့ ေဖာက္ထတာကို သက္သာေစပါတယ္။

စိတ္ဖိစီးမႈမျဖစ္ေအာင္ တတ္နိုင္သမၽွ ေနပါ။ 
  • က်န္းမာေအာင္စားေသာက္ပါ။ သင့္ခႏၶာကိုယ္အတြက္ အက်ိဳးမျပဳတဲ့အစာ (fast food, သၾကားဓာတ္ ႂကြယ္တဲ့ အစာ) ေတြက အေရျပား၊ ဦးေရျပား နဲ႔ ဆံပင္ ျပႆနာေတြကို ျဖစ္ေစပါတယ္။
  • Zinc နဲ႔ vitamin B6 ႂကြယ္ဝတဲ့ အစားအေသာက္ေတြက ဦးေရျပား နဲ႔ ဆံပင္ အတြက္ေကာင္းပါတယ္။


၅။ Baby Oil

Related image

Baby Oil ကို ဦးေရျပား‌‌ေပၚကို ညင္သာစြာ လိမ္းလိုက္ပါ။

သဘက္နဲ႔ အုပ္ထားၿပီး တစ္ညထားလိုက္ပါ။

မနက္ေရာက္တဲ့ အခါ anti-dandruff shampoo နဲ႔ ေလၽွာ္လိုက္ပါ။ Baby oil က သင္အိပ္ေနစဥ္ သင့္ဦးေရျပားကို ကုေပးတာ ျဖစ္ပါတယ္။


၆။ မုန္႔ဖုတ္ ဆိုဒါမႈန္႔ (Baking Soda)

Related image

သင့္ ေခါင္းေလၽွာ္ရည္ကို မုန္႔ဖုတ္ ဆိုဒါမႈန္႔ နဲ႔ အစားထိုးလိုက္ပါ။ မုန္႔ဖုတ္ ဆိုဒါမႈန္႔ က ေဖာက္ကုတဲ့ ေနရာမွာ ေက်ာ္ၾကားပါတယ္။

ေခါင္းေလၽွာ္ရည္အစား မုန္႔ဖုတ္ ဆိုဒါမႈန္႔တစ္ဇြန္းေလာက္ကို စိုေနတဲ့ ဦးေရျပားေပၚကို လိမ္းႏွယ္လိုက္ၿပီး ၁ မိနစ္ခန္႔ ထားပါ။ ၿပီးရင္ ေရးေဆးလိုက္ပါ။

ဒီအတိုင္း ၂ ပတ္အၾကာမွာ သင့္ေခါင္းမွာ သဘာဝအဆီေတြ ပိုထုတ္လုပ္နိုင္ၿပီး ဦးေရျပားကို ေရဓာတ္ျပည့္ေနေစၿပီးေတာ့ ေဖာက္ကင္းေနတာကို ေတြ႕ရမွာပါ။


၇။ အုန္းဆီ

Related image

Shampoo နဲ႔ေခါင္း‌ေလၽွာ္ပါ၊ conditioner မသုံးပါနဲ႔။ ၿပီးလၽွင္ ေခါင္းကို ေသခ်ာေျခာက္ေအာင္လုပ္လိုက္ပါ။

ဦးေရျပားကို အုန္းဆီလိမ္းလိုက္ပါ၊ ဆံပင္ေတြကို တတ္နိုင္သမၽွ အရမ္းမစိုေအာင္လုပ္ပါ။

ၿပီးရင္ ေခါင္းကိုေလၽွာ္ခ်လိုက္ပါ။ ႏွစ္ခါေလၽွာ္ရေကာင္း ေလၽွာ္ရနိုင္ပါတယ္။

ေဖာက္ကင္းသည္အထိ တစ္ပတ္ကို တစ္ႀကိမ္ျပဳလုပ္ပါ။


၈။ Mouthwash

Image result for mouthwash

Mouthwash က ေဖာက္ေတြကို ကာကြယ္ဖို႔အတြက္ တစ္လတစ္ႀကိမ္ အသုံးျပဳသင့္တဲ့ အရာျဖစ္ပါတယ္။

Mouthwash တစ္ဆ ေရကိုးဆကိုေရာၿပီး ပုံမွန္ေခါင္းေလၽွာ္သလို ေလၽွာ္ခ်လိုက္ပါ။


၉။ ဒိန္ခ်ဥ္

Related image

ဆံပင္ကို ေခါင္းေလၽွာ္ရည္နဲ႔ ပုံမွန္ေလၽွာ္ေနက်အတိုင္း ေလၽွာ္ခ်ၿပီးေနာက္ ဒိန္ခ်ဥ္ျဖင့္ ဦးေရျပားကို ပြတ္ၿပီး ၁၀-၁၅ မိနစ္ခန္႔ ထားလိုက္ပါ။

ၿပီးေနာက္ ေခါင္းေလၽွာ္ရည္နည္းနည္းျဖင့္ ေလၽွာ္ပစ္လိုက္ပါ။


၁၀။ ဆား

Image result for salt

ဆားက ဦးေရျပားေသြးလည္ပတ္မႈကို ကူညီလုပ္ေဆာင္ေပးၿပီး ေဖာက္ေတြကို ေလၽွာ့ခ် ဖယ္ရွားနိုင္ပါတယ္။ ဆားဟာ ဦးေရျပားမွာ ရွိတဲ့ အဆီပိုနဲ႔စိုထိုင္းမႈေတြကို ဖယ္ရွားေပးသည့္အျပင္ ေဖာက္ျဖစ္ေစနိုင္တဲ့ မွိုေတြ အျမစ္စြဲျခင္းကေနလည္း ကာကြယ္ပါတယ္။

ဆံပင္ကို ခြဲခြဲၿပီး ဆားျဖင့္ ဦးေရျပားကို ႏွယ္လိုက္ပါ။

၂-၃ မိနစ္ခန္႔ ႏွိပ္နယ္ေပးပါ။

ထို႔ေနာက္ ေခါင္းေလၽွာ္ရည္ျဖင့္ ေလၽွာ္လိုက္ပါ။ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အေပါက္ၾကားမွာရွိတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားေပးပါတယ္။

Source: wikiHow



Unicode:

ဖောက်တွေကို သဘာဝအတိုင်း ဘယ်လိုဖယ်ရှားနိုင်လဲ

ဦးခေါင်းပေါ်ကအဖြူအဖြူဖတ်တွေကျလာတာ ဘာတွေလဲလို့ အံ့ဩမိကြလား။ အဲဒါဖောက်တွေပေါ့။ လူတော်တော်များများက  ဖောက်တွေကို ညစ်ပတ်လို့ ခေါင်းမလျှော်လို့ ဆိုပြီးတော့ ယူဆကြပါတယ်။ တကယ်တော့  ဖောက်တွေဟာ အရည်ပြားအခြေအနေကြောင့် ဖြစ်ရတာပါ။ သန့်ရှင်းအောင်နေလဲ  ဖောက်ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပူဖို့မလိုပါဘူး။ ဖောက်ပြဿနာက ကုသလို့ရပါတယ်။ ဒီတော့ အိမ်မှာရှိတဲ့ သဘာဝ ပစ္စည်းတွေနဲ့ ဘယ်လို ကုသလို့ရလဲဆိုတာ ကြည့်ရအောင်။

၁။ သံပုရာရည်

Image result for lemon juice

သံပုရာရည်ကို ဦး‌ခေါင်းနဲ့ဆံပင်တွေကို နှံ့အောင် နှယ်လိုက်ပါ။

၂၀-၂၅ မိနစ်လောက်ထားပြီး သံပုရာ အစွမ်းပြလာအောင်ထားလိုက်ပါ။ ဦးရေယားလာရင် စိတ်မပူပါနဲ့ ပုံမှန်အခြေအနေပဲ ဖြစ်ပါတယ်။

ပြီးရင် ဆံပင်ကို ဆေးချလိုက်ပါ။ လိုအပ်ရင် ခေါင်းလျှော်ရည် သုံးနိုင်ပါတယ်။


၂။ သံလွင်ဆံ

Image result for olive oil

ခေါင်းမလျှော်ခင်မှာ သံလွင်ဆီကို ၅-၁၀ မိနစ်လောက် လိမ်းနှပ်ထားပါ။

အိပ်ယာမဝင်ခင်မှာ သံလွင်ဆီကို နောက်တစ်ကြိမ် လိမ်းထားလိုက်ပါ။ ဆံပင်ကို ခေါင်းစွပ်၊ တဘက် ဒါမှမဟုတ် ခေါင်းဦးစွပ်အဟောင်းနဲ့ အဆီတွေကို စုပ်နိုင်တဲ့ဟာနဲ့ စွပ်ပြီး အိပ်လိုက်ပါ။ နောက်နေ့မနက်ထလာတဲ့အချိန်မှာ ခေါင်းမှာ ဖောက်တွေမရှိတော့တာကို တွေ့ရမှာပါ။


၃။ ကြက်ဥအနှစ်

Image result for egg yolk

ကြက်ဥအနှစ် တစ်လုံး နှစ်လုံးလောက် ရောမွှေလိုက်ပါ။

ခြောက်နေတဲ့ ဦးခေါင်းခွံပေါ်ကို လိမ်းလိုက်ပါ။ ဦးရေပြားကို ထိနေပါစေ။

ပလတ်စတစ်ခေါင်းစွပ်နဲ့ စွပ်လိုက်ပါ။ ကြက်ဥနှစ်တွေ ယိုကျလာရင် နံတာကို သတိပြုပါ။

၁ နာရီခန့် ထားထားပါ။

ခေါင်းလျှော်ရည်နဲ့ သေချာဆေးချလိုက်ပါ။ ဦးရေပြားသန့်သွားအောင် နှစ်ခါလျှော်ရကောင်း လျှော်ရနိုင်ပါတယ်။


၄။ ဦးရေပြားကို ထိန်းသိမ်းပါ။

Related image

ခေါင်းပုံမှန်လျှော်ပါ၊ ဒါပေမယ့် ခဏခဏမလျှော်ပါနဲ့။ ဖောက်တွေက ဦးရေပြားက ဆဲလ်အသေတွေကြောင့် ဖြစ်လာတာပါ၊ ဆံပင်ကြောင့် မဟုတ်ပါဘူး။
  • ဖောက်ထနေစဥ်အတွင်းမှာ ဦးခေါင်းကို anti-dandruff shampoo နဲ့ သက်သာသွား‌အောင် နေ့တိုင်းလျှော်ပေးသင့်ပြီးနောက်မှာတော့ anti-dandruff shampoo နဲ့ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်‌လောက်လျှော်ပေးသင့်တယ်လို့ The Mayo Clinic က ထောက်ခံထားပါတယ်။
  • Chemical တွေများတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်တာက ဦးခေါင်းကို ပိုမိုခြောက်သွေ့စေပြီး ဖောက်ပိုပွားစေပါတယ်။
Shampoo ကို သူ့အလုပ်လုပ်ဖို့ အချိန်ပေးပါ။ အကယ်၍ Anti-dandruff shampoo နဲ့ ‌ခေါင်းလျှော်တယ်ဆိုရင် ရေမဆေးချခင် အနည်းဆုံး ၅ မိနစ်လောက်ထားပြီးမှ လျှော်ချပါ။

ဖောက်မထအောင် ခေါင်းလျှော်ပြီးနောက်မှာ ဖြီးပေးပါ။ ခေါင်းဖြီးတာက ဦးရေပြားက ထုတ်တဲ့ သဘာဝအဆီတွေကို ဆံပင်တွေဆီ ပျံစေပြီးတော့ ဖောက်ထတာကို သက်သာစေပါတယ်။

စိတ်ဖိစီးမှုမဖြစ်အောင် တတ်နိုင်သမျှ နေပါ။ 
  • ကျန်းမာအောင်စားသောက်ပါ။ သင့်ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့အစာ (fast food, သကြားဓာတ် ကြွယ်တဲ့ အစာ) တွေက အရေပြား၊ ဦးရေပြား နဲ့ ဆံပင် ပြဿနာတွေကို ဖြစ်စေပါတယ်။
  • Zinc နဲ့ vitamin B6 ကြွယ်ဝတဲ့ အစားအသောက်တွေက ဦးရေပြား နဲ့ ဆံပင် အတွက်ကောင်းပါတယ်။


၅။ Baby Oil

Related image

Baby Oil ကို ဦးရေပြား‌‌ပေါ်ကို ညင်သာစွာ လိမ်းလိုက်ပါ။

သဘက်နဲ့ အုပ်ထားပြီး တစ်ညထားလိုက်ပါ။

မနက်ရောက်တဲ့ အခါ anti-dandruff shampoo နဲ့ လျှော်လိုက်ပါ။ Baby oil က သင်အိပ်နေစဥ် သင့်ဦးရေပြားကို ကုပေးတာ ဖြစ်ပါတယ်။


၆။ မုန့်ဖုတ် ဆိုဒါမှုန့် (Baking Soda)

Related image

သင့် ခေါင်းလျှော်ရည်ကို မုန့်ဖုတ် ဆိုဒါမှုန့် နဲ့ အစားထိုးလိုက်ပါ။ မုန့်ဖုတ် ဆိုဒါမှုန့် က ဖောက်ကုတဲ့ နေရာမှာ ကျော်ကြားပါတယ်။

ခေါင်းလျှော်ရည်အစား မုန့်ဖုတ် ဆိုဒါမှုန့်တစ်ဇွန်းလောက်ကို စိုနေတဲ့ ဦးရေပြားပေါ်ကို လိမ်းနှယ်လိုက်ပြီး ၁ မိနစ်ခန့် ထားပါ။ ပြီးရင် ရေးဆေးလိုက်ပါ။

ဒီအတိုင်း ၂ ပတ်အကြာမှာ သင့်ခေါင်းမှာ သဘာဝအဆီတွေ ပိုထုတ်လုပ်နိုင်ပြီး ဦးရေပြားကို ရေဓာတ်ပြည့်နေစေပြီးတော့ ဖောက်ကင်းနေတာကို တွေ့ရမှာပါ။


၇။ အုန်းဆီ

Related image

Shampoo နဲ့ခေါင်း‌လျှော်ပါ၊ conditioner မသုံးပါနဲ့။ ပြီးလျှင် ခေါင်းကို သေချာခြောက်အောင်လုပ်လိုက်ပါ။

ဦးရေပြားကို အုန်းဆီလိမ်းလိုက်ပါ၊ ဆံပင်တွေကို တတ်နိုင်သမျှ အရမ်းမစိုအောင်လုပ်ပါ။

ပြီးရင် ခေါင်းကိုလျှော်ချလိုက်ပါ။ နှစ်ခါလျှော်ရကောင်း လျှော်ရနိုင်ပါတယ်။

ဖောက်ကင်းသည်အထိ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပါ။


၈။ Mouthwash

Image result for mouthwash

Mouthwash က ဖောက်တွေကို ကာကွယ်ဖို့အတွက် တစ်လတစ်ကြိမ် အသုံးပြုသင့်တဲ့ အရာဖြစ်ပါတယ်။

Mouthwash တစ်ဆ ရေကိုးဆကိုရောပြီး ပုံမှန်ခေါင်းလျှော်သလို လျှော်ချလိုက်ပါ။


၉။ ဒိန်ချဉ်

Related image

ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ ပုံမှန်လျှော်နေကျအတိုင်း လျှော်ချပြီးနောက် ဒိန်ချဉ်ဖြင့် ဦးရေပြားကို ပွတ်ပြီး ၁၀-၁၅ မိနစ်ခန့် ထားလိုက်ပါ။

ပြီးနောက် ခေါင်းလျှော်ရည်နည်းနည်းဖြင့် လျှော်ပစ်လိုက်ပါ။


၁၀။ ဆား

Image result for salt

ဆားက ဦးရေပြားသွေးလည်ပတ်မှုကို ကူညီလုပ်ဆောင်ပေးပြီး ဖောက်တွေကို လျှော့ချ ဖယ်ရှားနိုင်ပါတယ်။ ဆားဟာ ဦးရေပြားမှာ ရှိတဲ့ အဆီပိုနဲ့စိုထိုင်းမှုတွေကို ဖယ်ရှားပေးသည့်အပြင် ဖောက်ဖြစ်စေနိုင်တဲ့ မှိုတွေ အမြစ်စွဲခြင်းကနေလည်း ကာကွယ်ပါတယ်။

ဆံပင်ကို ခွဲခွဲပြီး ဆားဖြင့် ဦးရေပြားကို နှယ်လိုက်ပါ။

၂-၃ မိနစ်ခန့် နှိပ်နယ်ပေးပါ။

ထို့နောက် ခေါင်းလျှော်ရည်ဖြင့် လျှော်လိုက်ပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အပေါက်ကြားမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

Source: wikiHow







Comments