သင့္ထက္ပိုလန္းတဲ့ ေလယာဥ္ေမာင္မယ္ေတြရဲ့ ဖက္ရွင္ (၁၀)

Zawgyi:
(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)

Related image


မႈန္မႈန္မွိုင္းမွိုင္းနဲ႔ ဖက္ရွင္မက်တဲ့ ေလယာဥ္မယ္ဝတ္စုံေတြဟာ အတိတ္မွာပဲ ရွိပါေတာ့တယ္။ လာမယ့္သင့္ခရီးမွာ ဖက္ရွင္ေျပးလမ္းေပၚကေန အခုပဲဆင္းလာေနသလိုမ်ိဳး ေလယာဥ္ေမာင္မယ္ေတြကိုသာ ေတြ႕ရပါလိမ့္မယ္။

ေဝဟင္ေပၚ ေပသုံးေသာင္းအျမင့္ကေနပဲ ျဖစ္ျဖစ္၊ airport terminal ကေနပဲျဖစ္ျဖစ္ ေလယာဥ္ေမာင္မယ္ေတြဟာ တကယ့္ကို ဖက္ရွင္အလန္းနဲ႔ ေတြ႕ရမယ့္ သူေတြပဲ ျဖစ္ပါတယ္။

သူတို႔ ဖက္ရွင္ေတြကို အတုယူနိုင္ဖို႔ ၾကည့္ၾကည့္ရေအာင္..

၁၀။ Cebu Pacific

Philipines airline ျဖစ္တဲ့ Cebu Pacific ဟာ သူ႔ရဲ့ ေလယာဥ္ေမာင္မယ္ရဲ့ uniform ေတြကို သက္ေသာင့္သက္သာ ေန႔စဥ္ပုံမွန္ သြားလာေနတဲ့ causual style အျဖစ္ ဖန္တီးခဲ့တယ္။

ေလယာဥ္ေမာင္မယ္ရဲ့ uniform ေတြကို ျမင္ေနက် ပုံမွန္ uniform ေတြကေန ကြဲထြက္ေစခ်င္ခဲ့တယ္။

Image result for cebu pacific old flight attendant uniform


ေလယာဥ္ေမာင္မယ္ရဲ့ uniform အသစ္ကို ထုတ္ေဖာ္ျပတဲ့ အခါမွာေတာ့ တစ္ကမၻာလုံးက အံ့ဩသြားၾကတယ္။

သူတို႔ကို ေတြ႕ရင္ေတာ့ သူတို႔ရဲ့ ဖက္ရွင္ tips ေတြေတာင္းမိမွာ အမွန္ပါပဲ။

Image result for cebu pacific old flight attendant uniform


ထင္းၿပီး ကြဲထြက္ေနတဲ့ ေတာက္ပတဲ့ အဝါေရာင္ T-shirt ကို အသုံးျပဳထားပါတယ္။

မိန္းကေလး uniform ရဲ့ လည္ပင္းမွာ trendy scarf နဲ႔ တြဲဖက္ၿပီး ဒူးေလာက္အတို Denim skirt ကို သုံးထားပါတယ္။ သတ္ထားတဲ့ ခါးနားကေန ေအာက္အထိ ဇစ္နဲ႔ လိုက္ဖက္စြာ တြဲဖက္ထားပါတယ္။

ေယာက်္ားေလးမွာေတာ့ နက္ေမွာင္တဲ့ Denim jean နဲ႔ အတူ အဝါေရာင္ tee ကို ဝတ္ဆင္ရပါတယ္။

တကယ့္ကို ေပါ့ေပါ့ပါးပါးနဲ႔ ဖက္ရွင္မိုက္တဲ့ uniform ပါပဲ။

Image result for cebu pacific old flight attendant uniform



၉။ Korean Air

၂၀၀၅ မွာ Korean Air က သူတို႔ရဲ့ uniform ကို အသစ္ျပန္ဆန္းသစ္သင့္ၿပီလို႔ ဆုံးျဖတ္ၿပီး အီတလီ ဖက္ရွင္ဒီဇိုင္နာ Gianfranco Ferre ကို ငွားရမ္းခဲ့ပါတယ္။

Related image

အားလုံးက မထင္ထားတဲ့ fashion နဲ႔ ဒီဇိုင္နာက တီထြင္ခဲ့တယ္။

အျဖဴေရာင္နဲ႔ မိုးျပာေရာင္ကို တြဲဖက္အသုံးျပဳထားၿပီး ေလယာဥ္မယ္ေတြအတြက္ ေဘာင္းဘီနဲ႔ စကတ္ႏွစ္မ်ိဳးကို ခ်ဳပ္ခဲ့ပါတယ္။

အတြင္းအကၤ်ီ၊ ကုတ္နဲ႔ မာဖလာေတြကို မတူတဲ့ အေရာင္ေတြနဲ႔ ဖန္တီးထားၿပီး ကိုယ္ဝတ္ခ်င္တဲ့ ကိုယ့္စတိုင္လ္အတိုင္း ေရြးခ်ယ္ဝတ္ဆင္ခြင့္ေပးပါတယ္။

Image result for korean air flight attendant uniform

သူ႔ရဲ့ ေလယာဥ္မယ္ uniform ေတြေၾကာင့္ ေလယာဥ္ cabin ေတြ လွပေနတာ အေသအခ်ာပါပဲ။

Image result for korean air flight attendant uniform



၈။ Qantas

Qantas airline က သူ႔ uniform အသစ္ကို media ကို ထုတ္ေဖာ္ျပသတဲ့ အခါမွာ ကမၻာ့ထိပ္တန္းေမာ္ဒယ္ Miranda Ker ကို ဝတ္ဆင္ေစခဲ့ပါတယ္။ အရမ္းကို သပ္ရပ္ေက်ာ့ရွင္းတဲ့ uniform ေၾကာင့္ အားလုံးရဲ့ ႀကိဳက္ႏွစ္သက္မႈကို ခံခဲ့ရပါတယ္။

Related image


ဖက္ရွင္ဒီဇိုင္နာ Martin Grant ဖန္တီးထားတဲ့ ဝတ္စုံမွာဆိုရင္ အမည္းေရာင္မွာမွ ရင္ဘတ္ကို ကန္႔လန္႔ျဖတ္သြားတဲ့ လိေမၼာ္ေရာင္နဲ႔ ပန္းေရာင္ေၾကာဟာ အရမ္းကို သပ္ရပ္လွပါတယ္။ ခါးမွာ ခါးပတ္ဆင္လိုက္ေတာ့ ပိုလို႔ေတာင္ elegant ျဖစ္သြားေစပါတယ္။

Related image

ေလယာဥ္ေမာင္ေတြ အတြက္ ေလယာဥ္မယ္ေတြနဲ႔ လိုက္ဖက္စြာ အျပင္ကုတ္နဲ႔ နက္တိုင္ကို အေရာင္စပ္လုပ္ထားပါတယ္။

Image result for qantas flight attendant uniform



၇။ La Compagnie

Bright ျဖစ္တဲ့ အေရာင္ကို အသုံးျပဳတဲ့ ေလေၾကာင္းလိုင္းျဖစ္တဲ့အတိုင္း uniform ေတြကို အျပာေရာင္ထင္းထင္းေလးနဲ႔ ဆန္းသစ္ခဲ့ပါတယ္။

Image result for La Compagnie  flight attendant uniform

ျပင္သစ္ဒီဇိုင္နာအမွတ္တံဆိပ္က ဒီဇိုင္းထုတ္ေပးတဲ့ uniform မွာ ေလယာဥ္မယ္ေတြ စကတ္ေတြဝတ္ဆင္တယ္ဆိုတဲ့ဟာကို ေျဖေဖ်ာက္တဲ့အေနနဲ႔ ေဘာင္းဘီတိုအျဖစ္ ဆန္းသစ္ခဲ့တယ္။

Related image



၆။ Malaysia Airlines

၁၉၈၆ ခုႏွစ္ကတည္းက Malaysia airlines ဟာ ရိုးရာဆန္ဆန္ uniform ကို ဝတ္ဆင္ၾကတာ အခုထိတိုင္ပါပဲ။

Image result for malaysia airlines flight attendant uniform


ယေန႔ထိတိုင္ ဘယ္ေတာ့မွ အျမင္မရိုးနိုင္တဲ့ uniform ကို Mara University of Technology's School of Fashion က ဒီဇိုင္းဖန္တီးခဲ့ပါတယ္။

Image result for malaysia airlines flight attendant uniform



၅။ Virgin America

Virgin America က young and hip ျဖစ္တဲ့အေလ်ာက္ သူ႔ ေလယာဥ္ေမာင္မယ္ေတြကလည္း fresh and trendy uniform ေတြကို ဝတ္ဆင္ၾကတာပါပဲ။

Image result for Virgin America flight attendant uniform


ေလယာဥ္ေပၚမွာမက အျပင္အသြားအလာေတြမွာေတာင္ ဝတ္ဆင္နိုင္တဲ့ ဒီဝတ္စုံေတြကို ဖန္တီးဖို႔ ကုမၸဏီရဲ့ ၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္မွာ Banana Republic clothing brand ကို အကူအညီေတာင္းခဲ့ပါတယ္။


Image result for Virgin America flight attendant uniform

The Banana Republic က uniform ဒီဇိုင္းၿပိဳင္ပြဲကို ကုမၸဏီတြင္းက်င္းပၿပီး အေကာင္းဆုံး uniform ေတြကို ေရြးခ်ယ္ခဲ့ပါတယ္။

Image result for Virgin America flight attendant uniform


The Banana Republic က ေလယာဥ္ေမာင္မယ္ေတြအတြက္ အေပၚဝတ္ကုတ္ေတြ ေနကာမ်က္မွန္ေတြ စတဲ့ accessories ေတြကိုလည္း ဖန္တီးခဲ့ၾကပါတယ္။

Image result for Virgin America flight attendant uniform



၄။ Avianca

ကိုလံဘီယာ Avianca airline ဟာ ၂၀၁၃ မွာ သူ႔ brand ကို ျပန္လည္ redesign လုပ္ခဲ့ပါတယ္။ ေလယာဥ္ေတြ အပါအဝင္ uniform ေတြကိုေရာေပါ့။









ဒီဇိုင္နာ Alonso Uribe ကို ငွားရမ္းခဲ့ၿပီး ဖန္တီးေပးေစခဲ့ပါတယ္။ ရလဒ္ကေတာ့ ျမင္တဲ့အတိုင္းပါပဲ၊ သူေကာင္းေကာင္းလုပ္နိုင္ခဲ့ပါတယ္။
Image result for Avianca flight attendant uniform


အနီေရာင္ကို အသုံးျပဳထားၿပီး ဦးထုပ္နဲ႔ မာဖလာ စတဲ့ accessories ကို လိုက္ဖက္စြာ သုံးထားပါတယ္။



ေလယာဥ္ေမာင္ေတြအတြက္က်ေတာ့ အနီစင္းေတြပါတဲ့ နက္တိုင္ကို တြဲဖက္ဝတ္ဆင္ေစပါတယ္။



၃။ Etihad Airways

Abu-Dhabi-based Etihad Airways ဟာ သူ႔ uniform ေတြကို renovate လုပ္ဖို႔ အီတလီဒီဇိုင္နာ Ettore Bilotta နဲ႔ ဆက္သြယ္ၿပီး ကၽြန္ုပ္တို႔အားလုံးေတြဖူးသမၽွ uniform ေတြထဲက တပ္မက္ဖြယ္အေကာင္းဆုံး ဝတ္စုံကို ဖန္းတီးေစခဲ့ပါတယ္။

Image result for Etihad Airways flight attendant uniform

ေလေၾကာင္းလိုင္းရဲ့ ေခတ္ေရွ႕ေျပးတဲ့ အေငြ႕အတက္နဲ႔အတူ uniform ေတြကို လွပတဲ့ အညိဳေရာင္စကတ္ေတြနဲ႔ ဆင္ထားၿပီး အလယ္က ဆန္႔က်င္ဘက္အေရာင္ျဖစ္တဲ့ ခရမ္းေရာင္နဲ႔ လိုက္ဖက္စြာ ဖန္တီးထားပါတယ္။

Image result for Etihad Airways flight attendant uniform

Uniform အတြက္ အဓိကအက်ဆုံးနဲ႔ အထင္းဆုံးကေတာ့ accessories ေတြပါပဲ။ မာဖလာရယ္၊ ဦးထုပ္ရယ္၊ လက္အိတ္ေတြကို ဖက္ရွင္က်က် အသုံးျပဳထားပါတယ္။

Image result for Etihad Airways flight attendant uniform

ေလယာဥ္ထိုင္ခုံေတြရဲ့ အလယ္ေတြက သူတို႔အတြက္ဖက္ရွင္ေလၽွာက္လမ္းပါပဲ။

Image result for Etihad Airways flight attendant uniform



၂။ Delta

Delta airline က သူ႔ရဲ့ uniform ကို redesign လုပ္ဖို႔အတြက္ ကမၻာေက်ာ္မင္းသမီးေတြကအစ first lady ေတြအထိ ဖန္တီးေပးခြင့္ရခဲ့တဲ့ အေမရိကန္ဒီဇိုင္နာ Zac Posen က အသင့္ေတာ္ဆုံးဆိုတာ သိခဲ့ပါတယ္။

Image result for Delta Airlines flight attendant uniform


ဒီဇိုင္နာက (၁၈)လ ခန္႔ အခ်ိန္ယူဖန္တီးခဲ့ၿပီး အဲအေတာအတြင္း ေလယာဥ္ကြင္းမွာေတာင္ အခ်ိန္ခဏမၽွ အလုပ္ဆင္းၿပီး ေလယာဥ္ေမာင္မယ္ေတြနဲ႔ ထိေတြ႕ခဲ့ပါေသးတယ္။

Image result for Delta Airlines flight attendant uniform

ေနာက္ဆုံးမွာေတာ့ စတိုင္လ္လန္းလန္းနဲ႔ အခ်ိန္ၾကာၾကာေတာင္ ရိုးမသြားနိုင္တဲ့ အနီခရမ္းေရာင္စပ္ uniform ကို ဖန္တီးခဲ့ပါတယ္။

Related image


Uniform ေတြက အနံ့ေတြသိပ္မထြက္နိုင္တဲ့ fabric အသားနဲ႔ ခ်ဳပ္ထားတဲ့အတြက္ေၾကာင့္ ေလယာဥ္ေမာင္မယ္ေတြ အခ်ိန္ၾကာၾကာအလုပ္ဆင္းၿပီးတဲ့ခ်ိန္ေတာင္မွ ဘာျပႆနာမွ မရွိနိုင္ပါဘူး။

Image result for Delta Airlines flight attendant uniform



၁။ Hainan Airline

Hainan Airline က သူ႔ uniform ေတြကို အခ်ိန္ကာလအတန္ၾကာ အသုံးျပဳၿပီးေနာက္မွာေတာ့ redesign လုပ္ဖို႔ အခ်ိန္တန္ၿပီလို႔ ဆုံးျဖတ္လိုက္ပါတယ္။

Image result for hainan airlines old flight attendant uniform


ဒီဇိုင္နာက တ႐ုတ္ရိုးရာ ဝတ္စုံနဲ႔ တြဲဖက္ၿပီး အေနာက္တိုင္း အေငြ႕အသက္ေတြ ထည့္ၿပီး ဖန္းတီးလိုက္ပါတယ္။

Image result for hainan airlines flight attendant uniform

Uniform ေတြက ေတြ႕တဲ့အတိုင္းပါပဲ။ အရမ္းကို လွပေၾကာ့ေမာ့ေနတာ မဟုတ္ဘူးလား။

Image result for hainan airlines flight attendant uniform


ဒီ uniform ကို ျပင္သစ္နိုင္ငံက Paris Couture Week မွာ ပြဲဦးထြက္ျပသခဲ့ပါတယ္။

Image result for hainan airlines flight attendant uniform


ပြဲၾကည့္ပရိသတ္ေတြ အရမ္းႏွစ္ၿခိဳက္ခဲ့ၾကၿပီး Fashion magazine ေတြကိုေတာင္ လႊမ္းမိုးခဲ့ပါတယ္။

Source: 10 Flight Attendants Who Dress Better Than You



Unicode:


သင့်ထက်ပိုလန်းတဲ့ လေယာဉ်မောင်မယ်တွေရဲ့ ဖက်ရှင် (၁၀)



မှုန်မှုန်မှိုင်းမှိုင်းနဲ့ ဖက်ရှင်မကျတဲ့ လေယာဉ်မယ်ဝတ်စုံတွေဟာ အတိတ်မှာပဲ ရှိပါတော့တယ်။ လာမယ့်သင့်ခရီးမှာ ဖက်ရှင်ပြေးလမ်းပေါ်ကနေ အခုပဲဆင်းလာနေသလိုမျိုး လေယာဉ်မောင်မယ်တွေကိုသာ တွေ့ရပါလိမ့်မယ်။

ဝေဟင်ပေါ် ပေသုံးသောင်းအမြင့်ကနေပဲ ဖြစ်ဖြစ်၊ airport terminal ကနေပဲဖြစ်ဖြစ် လေယာဉ်မောင်မယ်တွေဟာ တကယ့်ကို ဖက်ရှင်အလန်းနဲ့ တွေ့ရမယ့် သူတွေပဲ ဖြစ်ပါတယ်။

သူတို့ ဖက်ရှင်တွေကို အတုယူနိုင်ဖို့ ကြည့်ကြည့်ရအောင်..

၁၀။ Cebu Pacific

Philipines airline ဖြစ်တဲ့ Cebu Pacific ဟာ သူ့ရဲ့ လေယာဉ်မောင်မယ်ရဲ့ uniform တွေကို သက်သောင့်သက်သာ နေ့စဉ်ပုံမှန် သွားလာနေတဲ့ causual style အဖြစ် ဖန်တီးခဲ့တယ်။

လေယာဉ်မောင်မယ်ရဲ့ uniform တွေကို မြင်နေကျ ပုံမှန် uniform တွေကနေ ကွဲထွက်စေချင်ခဲ့တယ်။

Image result for cebu pacific old flight attendant uniform


လေယာဉ်မောင်မယ်ရဲ့ uniform အသစ်ကို ထုတ်ဖော်ပြတဲ့ အခါမှာတော့ တစ်ကမ္ဘာလုံးက အံ့ဩသွားကြတယ်။

သူတို့ကို တွေ့ရင်တော့ သူတို့ရဲ့ ဖက်ရှင် tips တွေတောင်းမိမှာ အမှန်ပါပဲ။

Image result for cebu pacific old flight attendant uniform


ထင်းပြီး ကွဲထွက်နေတဲ့ တောက်ပတဲ့ အဝါရောင် T-shirt ကို အသုံးပြုထားပါတယ်။

မိန်းကလေး uniform ရဲ့ လည်ပင်းမှာ trendy scarf နဲ့ တွဲဖက်ပြီး ဒူးလောက်အတို Denim skirt ကို သုံးထားပါတယ်။ သတ်ထားတဲ့ ခါးနားကနေ အောက်အထိ ဇစ်နဲ့ လိုက်ဖက်စွာ တွဲဖက်ထားပါတယ်။

ယောကျ်ားလေးမှာတော့ နက်မှောင်တဲ့ Denim jean နဲ့ အတူ အဝါရောင် tee ကို ဝတ်ဆင်ရပါတယ်။

တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်မိုက်တဲ့ uniform ပါပဲ။

Image result for cebu pacific old flight attendant uniform



၉။ Korean Air

၂၀၀၅ မှာ Korean Air က သူတို့ရဲ့ uniform ကို အသစ်ပြန်ဆန်းသစ်သင့်ပြီလို့ ဆုံးဖြတ်ပြီး အီတလီ ဖက်ရှင်ဒီဇိုင်နာ Gianfranco Ferre ကို ငှားရမ်းခဲ့ပါတယ်။

Related image

အားလုံးက မထင်ထားတဲ့ fashion နဲ့ ဒီဇိုင်နာက တီထွင်ခဲ့တယ်။

အဖြူရောင်နဲ့ မိုးပြာရောင်ကို တွဲဖက်အသုံးပြုထားပြီး လေယာဉ်မယ်တွေအတွက် ဘောင်းဘီနဲ့ စကတ်နှစ်မျိုးကို ချုပ်ခဲ့ပါတယ်။

အတွင်းအင်္ကျီ၊ ကုတ်နဲ့ မာဖလာတွေကို မတူတဲ့ အရောင်တွေနဲ့ ဖန်တီးထားပြီး ကိုယ်ဝတ်ချင်တဲ့ ကိုယ့်စတိုင်လ်အတိုင်း ရွေးချယ်ဝတ်ဆင်ခွင့်ပေးပါတယ်။

Image result for korean air flight attendant uniform

သူ့ရဲ့ လေယာဉ်မယ် uniform တွေကြောင့် လေယာဉ် cabin တွေ လှပနေတာ အသေအချာပါပဲ။

Image result for korean air flight attendant uniform



၈။ Qantas

Qantas airline က သူ့ uniform အသစ်ကို media ကို ထုတ်ဖော်ပြသတဲ့ အခါမှာ ကမ္ဘာ့ထိပ်တန်းမော်ဒယ် Miranda Ker ကို ဝတ်ဆင်စေခဲ့ပါတယ်။ အရမ်းကို သပ်ရပ်ကျော့ရှင်းတဲ့ uniform ကြောင့် အားလုံးရဲ့ ကြိုက်နှစ်သက်မှုကို ခံခဲ့ရပါတယ်။

Related image


ဖက်ရှင်ဒီဇိုင်နာ Martin Grant ဖန်တီးထားတဲ့ ဝတ်စုံမှာဆိုရင် အမည်းရောင်မှာမှ ရင်ဘတ်ကို ကန့်လန့်ဖြတ်သွားတဲ့ လိမ္မော်ရောင်နဲ့ ပန်းရောင်ကြောဟာ အရမ်းကို သပ်ရပ်လှပါတယ်။ ခါးမှာ ခါးပတ်ဆင်လိုက်တော့ ပိုလို့တောင် elegant ဖြစ်သွားစေပါတယ်။

Related image

လေယာဉ်မောင်တွေ အတွက် လေယာဉ်မယ်တွေနဲ့ လိုက်ဖက်စွာ အပြင်ကုတ်နဲ့ နက်တိုင်ကို အရောင်စပ်လုပ်ထားပါတယ်။

Image result for qantas flight attendant uniform



၇။ La Compagnie

Bright ဖြစ်တဲ့ အရောင်ကို အသုံးပြုတဲ့ လေကြောင်းလိုင်းဖြစ်တဲ့အတိုင်း uniform တွေကို အပြာရောင်ထင်းထင်းလေးနဲ့ ဆန်းသစ်ခဲ့ပါတယ်။

Image result for La Compagnie  flight attendant uniform

ပြင်သစ်ဒီဇိုင်နာအမှတ်တံဆိပ်က ဒီဇိုင်းထုတ်ပေးတဲ့ uniform မှာ လေယာဉ်မယ်တွေ စကတ်တွေဝတ်ဆင်တယ်ဆိုတဲ့ဟာကို ဖြေဖျောက်တဲ့အနေနဲ့ ဘောင်းဘီတိုအဖြစ် ဆန်းသစ်ခဲ့တယ်။

Related image



၆။ Malaysia Airlines

၁၉၈၆ ခုနှစ်ကတည်းက Malaysia airlines ဟာ ရိုးရာဆန်ဆန် uniform ကို ဝတ်ဆင်ကြတာ အခုထိတိုင်ပါပဲ။

Image result for malaysia airlines flight attendant uniform


ယနေ့ထိတိုင် ဘယ်တော့မှ အမြင်မရိုးနိုင်တဲ့ uniform ကို Mara University of Technology's School of Fashion က ဒီဇိုင်းဖန်တီးခဲ့ပါတယ်။

Image result for malaysia airlines flight attendant uniform



၅။ Virgin America

Virgin America က young and hip ဖြစ်တဲ့အလျောက် သူ့ လေယာဉ်မောင်မယ်တွေကလည်း fresh and trendy uniform တွေကို ဝတ်ဆင်ကြတာပါပဲ။

Image result for Virgin America flight attendant uniform


လေယာဉ်ပေါ်မှာမက အပြင်အသွားအလာတွေမှာတောင် ဝတ်ဆင်နိုင်တဲ့ ဒီဝတ်စုံတွေကို ဖန်တီးဖို့ ကုမ္ပဏီရဲ့ ၅ နှစ်မြောက် နှစ်ပတ်လည်မှာ Banana Republic clothing brand ကို အကူအညီတောင်းခဲ့ပါတယ်။


Image result for Virgin America flight attendant uniform

The Banana Republic က uniform ဒီဇိုင်းပြိုင်ပွဲကို ကုမ္ပဏီတွင်းကျင်းပပြီး အကောင်းဆုံး uniform တွေကို ရွေးချယ်ခဲ့ပါတယ်။

Image result for Virgin America flight attendant uniform


The Banana Republic က လေယာဉ်မောင်မယ်တွေအတွက် အပေါ်ဝတ်ကုတ်တွေ နေကာမျက်မှန်တွေ စတဲ့ accessories တွေကိုလည်း ဖန်တီးခဲ့ကြပါတယ်။

Image result for Virgin America flight attendant uniform



၄။ Avianca

ကိုလံဘီယာ Avianca airline ဟာ ၂၀၁၃ မှာ သူ့ brand ကို ပြန်လည် redesign လုပ်ခဲ့ပါတယ်။ လေယာဉ်တွေ အပါအဝင် uniform တွေကိုရောပေါ့။


ဒီဇိုင်နာ Alonso Uribe ကို ငှားရမ်းခဲ့ပြီး ဖန်တီးပေးစေခဲ့ပါတယ်။ ရလဒ်ကတော့ မြင်တဲ့အတိုင်းပါပဲ၊ သူကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။
Image result for Avianca flight attendant uniform


အနီရောင်ကို အသုံးပြုထားပြီး ဦးထုပ်နဲ့ မာဖလာ စတဲ့ accessories ကို လိုက်ဖက်စွာ သုံးထားပါတယ်။



လေယာဉ်မောင်တွေအတွက်ကျတော့ အနီစင်းတွေပါတဲ့ နက်တိုင်ကို တွဲဖက်ဝတ်ဆင်စေပါတယ်။



၃။ Etihad Airways

Abu-Dhabi-based Etihad Airways ဟာ သူ့ uniform တွေကို renovate လုပ်ဖို့ အီတလီဒီဇိုင်နာ Ettore Bilotta နဲ့ ဆက်သွယ်ပြီး ကျွန်ုပ်တို့အားလုံးတွေဖူးသမျှ uniform တွေထဲက တပ်မက်ဖွယ်အကောင်းဆုံး ဝတ်စုံကို ဖန်းတီးစေခဲ့ပါတယ်။

Image result for Etihad Airways flight attendant uniform

လေကြောင်းလိုင်းရဲ့ ခေတ်ရှေ့ပြေးတဲ့ အငွေ့အတက်နဲ့အတူ uniform တွေကို လှပတဲ့ အညိုရောင်စကတ်တွေနဲ့ ဆင်ထားပြီး အလယ်က ဆန့်ကျင်ဘက်အရောင်ဖြစ်တဲ့ ခရမ်းရောင်နဲ့ လိုက်ဖက်စွာ ဖန်တီးထားပါတယ်။

Image result for Etihad Airways flight attendant uniform

Uniform အတွက် အဓိကအကျဆုံးနဲ့ အထင်းဆုံးကတော့ accessories တွေပါပဲ။ မာဖလာရယ်၊ ဦးထုပ်ရယ်၊ လက်အိတ်တွေကို ဖက်ရှင်ကျကျ အသုံးပြုထားပါတယ်။

Image result for Etihad Airways flight attendant uniform

လေယာဉ်ထိုင်ခုံတွေရဲ့ အလယ်တွေက သူတို့အတွက်ဖက်ရှင်လျှောက်လမ်းပါပဲ။

Image result for Etihad Airways flight attendant uniform




၂။ Delta

Delta airline က သူ့ရဲ့ uniform ကို redesign လုပ်ဖို့အတွက် ကမ္ဘာကျော်မင်းသမီးတွေကအစ first lady တွေအထိ ဖန်တီးပေးခွင့်ရခဲ့တဲ့ အမေရိကန်ဒီဇိုင်နာ Zac Posen က အသင့်တော်ဆုံးဆိုတာ သိခဲ့ပါတယ်။

Image result for Delta Airlines flight attendant uniform


ဒီဇိုင်နာက (၁၈)လ ခန့် အချိန်ယူဖန်တီးခဲ့ပြီး အဲအတောအတွင်း လေယာဉ်ကွင်းမှာတောင် အချိန်ခဏမျှ အလုပ်ဆင်းပြီး လေယာဉ်မောင်မယ်တွေနဲ့ ထိတွေ့ခဲ့ပါသေးတယ်။

Image result for Delta Airlines flight attendant uniform

နောက်ဆုံးမှာတော့ စတိုင်လ်လန်းလန်းနဲ့ အချိန်ကြာကြာတောင် ရိုးမသွားနိုင်တဲ့ အနီခရမ်းရောင်စပ် uniform ကို ဖန်တီးခဲ့ပါတယ်။

Related image


Uniform တွေက အနံ့တွေသိပ်မထွက်နိုင်တဲ့ fabric အသားနဲ့ ချုပ်ထားတဲ့အတွက်ကြောင့် လေယာဉ်မောင်မယ်တွေ အချိန်ကြာကြာအလုပ်ဆင်းပြီးတဲ့ချိန်တောင်မှ ဘာပြဿနာမှ မရှိနိုင်ပါဘူး။

Image result for Delta Airlines flight attendant uniform



၁။ Hainan Airline

Hainan Airline က သူ့ uniform တွေကို အချိန်ကာလအတန်ကြာ အသုံးပြုပြီးနောက်မှာတော့ redesign လုပ်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ်။

Image result for hainan airlines old flight attendant uniform


ဒီဇိုင်နာက တရုတ်ရိုးရာ ဝတ်စုံနဲ့ တွဲဖက်ပြီး အနောက်တိုင်း အငွေ့အသက်တွေ ထည့်ပြီး ဖန်းတီးလိုက်ပါတယ်။

Image result for hainan airlines flight attendant uniform

Uniform တွေက တွေ့တဲ့အတိုင်းပါပဲ။ အရမ်းကို လှပကြော့မော့နေတာ မဟုတ်ဘူးလား။

Image result for hainan airlines flight attendant uniform


ဒီ uniform ကို ပြင်သစ်နိုင်ငံက Paris Couture Week မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။

Image result for hainan airlines flight attendant uniform


ပွဲကြည့်ပရိသတ်တွေ အရမ်းနှစ်ခြိုက်ခဲ့ကြပြီး Fashion magazine တွေကိုတောင် လွှမ်းမိုးခဲ့ပါတယ်။

Source: 10 Flight Attendants Who Dress Better Than You

Comments