သည္းမခံသင့္ေသာအရာမ်ား (၅/၅)

Zawgyi:


(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)


အပိုင္း (၅)

Related image

ကၽြန္ေတာ္တို႔ လူမ်ိဳးသည္ အလြန္သည္းခံၾက၏။ စစ္အစိုးရေခတ္က ျပည္-ရန္ကုန္မီးရထားတြဲမ်ားတြင္ တြဲေစာင့္မ်ားက ကုန္သည္မ်ားႏွင့္ေပါင္းၿပီး လူစီးအျမန္ရထား၏ ေနရာလြတ္မ်ားတြင္ အိမ္သာပါမခ်န္ မီးေသြးအိတ္မ်ားကို တရားမဝင္ တင္ေဆာင္လာၾကေပ၏။ အိမ္သာတက္ခ်င္သူမ်ားမွာ အိမ္သာတံခါးဖြင့္လိုက္ေသာအခါ မီးေသြးအိတ္မ်ားကိုသာ ေတြ႕ၾကရေတာ့၏။ မည္သူ႔ကိုေျပာရမွန္းမသိ၊ မည္သူ႔ကိုတိုင္ရမွန္းမသိ။ ၾကားဘူတာမ်ားတြင္ရပ္ေသာအခါ ေတာသူေတာင္သားခရီးသြားမ်ားသည္ ရထားေပၚတက္၍မရ။ တခါးဖြင့္ၾကပါဟုသာ တစာတစာႏွင့္ေအာ္ရင္း အခ်ိဳ႕မွာရထားထြက္သြားသျဖင့္ မလိုက္ရဘဲ က်န္ရစ္ခဲ့ၾကရွာ၏။ ျမန္မာပီပီ သည္းခံ၍သာ ကံကိုလႊဲခ်ကာ ေနၾကရေပ၏။ အကယ္၍သာ ယခုေခတ္လို ေဖ့စ္ဘြတ္မ်ား ေပၚေပါက္ေနပါက ထိုမသာမာမႈမ်ားမွာ အမ်ားျပည္သူမ်က္ေစ့ထဲသို႔ ဓာတ္ပုံႏွင့္တကြ ခ်က္ခ်င္းေရာက္လာမည္ျဖစ္သည္။ ယခုေသာ္ မီးရထားတြင္ ထိုသို႔မလုပ္ရဲေတာ့။ အဘယ့္ေၾကာင့္ဆိုေသာ္ ျပည္သူလူထုက လက္သင့္မခံၾကေတာ့ေသာေၾကာင့္ ျဖစ္သည္။

ထိုေၾကာင့္ မတရားမႈမ်ား နိုင္ငံတြင္ျဖစ္ေပၚလာေသာအခါ မည္မၽွေသးငယ္ေသာ မတရားမႈ၊ မည္မၽွေသးငယ္ေသာ လြဲေခ်ာ္မႈ၊ မည္မၽွေသးငယ္ေသာ နစ္နာမႈပင္ျဖစ္ေစ ငါနဲ႔ထိုက္လို႔ ငါခံရတာပဲဟူေသာ သူမ်ား လုပ္သမၽွခံသည့္ Passive mind စိတ္ဓာတ္မ်ိဳးမေမြးသင့္။ ဒီခၽြတ္ယြင္းမႈကို ငါလက္မခံသင့္၊ ထိုက္သင့္ေသာ နစ္နာေၾကးကိုေတာင္းယူရမည္။ ငါ့အခြင့္အေရးကို ငါတိုက္ယူမည္ဟူေသာ Active mind စိတ္ဓာတ္ကို ေမြးျမဴရမည္။ မတရားမႈကို ဆန္႔က်င္သူမ်ားကို အကူအညီေပးေသာ လူမႈေရးအဖြဲ႕အစည္းမ်ားမ်ား ေပၚေပါက္ရမည္။ ကၽြန္ေတာ္တို႔နိုင္ငံတြင္ မတရားမႈေသးေသးေလးမ်ားကို အမ်ားျပည္သူက လက္သင့္ခံရင္း လက္သင့္ခံရင္းႏွင့္ မတရားမႈမ်ားသည္ တျဖည္းျဖည္းခိုင္မာလာတာ မတရားမႈႀကီးမ်ားကို မ်က္စပစ္၍ ေခၚေနသလိုရွိလာေတာ့သည္။ နိုင္ငံျခားသားမ်ား ထစ္ခနဲရွိ ေလ်ာ္ေၾကးေတာင္း၊ ထစ္ခနဲရွိ တရားစြဲ၊ ထစ္ခနဲရွိ ကြန္ပလိန္းတက္ ေနၾကျခင္းကို ယခင္က ကၽြန္ေတာ္သည္ မႏွစ္ၿမိဳ႕ခဲ့ေပ။ သို႔ေသာ္ ေသေသခ်ာခ်ာျပန္စဥ္းစားၾကည့္ေသာအခါ သူတို႔လူ႔အဖြဲ႕အစည္းတြင္ မတရားမႈ၊ ခၽြတ္ေခ်ာ္မႈ၊ အနိုင္အထက္က်င့္မႈ အႀကီးႀကီးမ်ား ျဖစ္မလာေအာင္၊ ျဖစ္မလာရဲေအာင္ ေသးေသးမႊားမႊားခၽြတ္ေခ်ာ္မႈမ်ိဳးကစ၍ တားဆီးရပ္တန္႔ရန္ သတၱိရွိရွိ အားမနာ စတမ္းလုပ္ေဆာင္ေနျခင္းျဖစ္ပါလား၊ သူတို႔သည္ လူ႔အဖြဲ႕အစည္း ပိုမိုေကာင္းမြန္ေအာင္ မဟုတ္မခံစိတ္ဓာတ္ျဖင့္ တစ္နိုင္ငံလုံးက ဝိုင္းဝန္းပဲ့ျပင္ေပးေနၾကပါလားဆိုတာ သေဘာေပါက္လာပါေတာ့သည္။ ေကာင္းမြန္ေသာ လူ႔ေဘာင္ေလာကတခုသည္ သူ႔အလိုလို နတ္သိၾကားမ်ား ဖန္ဆင္းသလို ကိုယ့္ေရွ႕သို ေရာက္လာမည္မဟုတ္။ ကိုယ္တိုင္ႀကိဳးစားမွ ျဖစ္လာမည့္ အရာမ်ား ျဖစ္သည္။ ျမန္မာတို႔၏ အားနည္းခ်က္ျဖစ္ေသာ အားနာသလိုလို၊ အေျပာရဲသလိုလို၊ မနိုင္၍ သည္းခံျခင္းလိုလို အညံ့စား စိတ္ဓာတ္ေတြကို အားလုံးဝိုင္းဝန္း ေျပာင္းလဲၾကပါစို႔။

Credit - သရဝဏ္ (ျပည္)


Unicode:

သည္းမခံသင့္ေသာအရာမ်ား

အပိုင္း (၅)

Related image

ကျွန်တော်တို့ လူမျိုးသည် အလွန်သည်းခံကြ၏။ စစ်အစိုးရခေတ်က ပြည်-ရန်ကုန်မီးရထားတွဲများတွင် တွဲစောင့်များက ကုန်သည်များနှင့်ပေါင်းပြီး လူစီးအမြန်ရထား၏ နေရာလွတ်များတွင် အိမ်သာပါမချန် မီးသွေးအိတ်များကို တရားမဝင် တင်ဆောင်လာကြပေ၏။ အိမ်သာတက်ချင်သူများမှာ အိမ်သာတံခါးဖွင့်လိုက်သောအခါ မီးသွေးအိတ်များကိုသာ တွေ့ကြရတော့၏။ မည်သူ့ကိုပြောရမှန်းမသိ၊ မည်သူ့ကိုတိုင်ရမှန်းမသိ။ ကြားဘူတာများတွင်ရပ်သောအခါ တောသူတောင်သားခရီးသွားများသည် ရထားပေါ်တက်၍မရ။ တခါးဖွင့်ကြပါဟုသာ တစာတစာနှင့်အော်ရင်း အချို့မှာရထားထွက်သွားသဖြင့် မလိုက်ရဘဲ ကျန်ရစ်ခဲ့ကြရှာ၏။ မြန်မာပီပီ သည်းခံ၍သာ ကံကိုလွှဲချကာ နေကြရပေ၏။ အကယ်၍သာ ယခုခေတ်လို ဖေ့စ်ဘွတ်များ ပေါ်ပေါက်နေပါက ထိုမသာမာမှုများမှာ အများပြည်သူမျက်စေ့ထဲသို့ ဓာတ်ပုံနှင့်တကွ ချက်ချင်းရောက်လာမည်ဖြစ်သည်။ ယခုသော် မီးရထားတွင် ထိုသို့မလုပ်ရဲတော့။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုက လက်သင့်မခံကြတော့သောကြောင့် ဖြစ်သည်။

ထိုကြောင့် မတရားမှုများ နိုင်ငံတွင်ဖြစ်ပေါ်လာသောအခါ မည်မျှသေးငယ်သော မတရားမှု၊ မည်မျှသေးငယ်သော လွဲချော်မှု၊ မည်မျှသေးငယ်သော နစ်နာမှုပင်ဖြစ်စေ ငါနဲ့ထိုက်လို့ ငါခံရတာပဲဟူသော သူများ လုပ်သမျှခံသည့် Passive mind စိတ်ဓာတ်မျိုးမမွေးသင့်။ ဒီချွတ်ယွင်းမှုကို ငါလက်မခံသင့်၊ ထိုက်သင့်သော နစ်နာကြေးကိုတောင်းယူရမည်။ ငါ့အခွင့်အရေးကို ငါတိုက်ယူမည်ဟူသော Active mind စိတ်ဓာတ်ကို မွေးမြူရမည်။ မတရားမှုကို ဆန့်ကျင်သူများကို အကူအညီပေးသော လူမှုရေးအဖွဲ့အစည်းများများ ပေါ်ပေါက်ရမည်။ ကျွန်တော်တို့နိုင်ငံတွင် မတရားမှုသေးသေးလေးများကို အများပြည်သူက လက်သင့်ခံရင်း လက်သင့်ခံရင်းနှင့် မတရားမှုများသည် တဖြည်းဖြည်းခိုင်မာလာတာ မတရားမှုကြီးများကို မျက်စပစ်၍ ခေါ်နေသလိုရှိလာတော့သည်။ နိုင်ငံခြားသားများ ထစ်ခနဲရှိ လျော်ကြေးတောင်း၊ ထစ်ခနဲရှိ တရားစွဲ၊ ထစ်ခနဲရှိ ကွန်ပလိန်းတက် နေကြခြင်းကို ယခင်က ကျွန်တော်သည် မနှစ်မြို့ခဲ့ပေ။ သို့သော် သေသေချာချာပြန်စဉ်းစားကြည့်သောအခါ သူတို့လူ့အဖွဲ့အစည်းတွင် မတရားမှု၊ ချွတ်ချော်မှု၊ အနိုင်အထက်ကျင့်မှု အကြီးကြီးများ ဖြစ်မလာအောင်၊ ဖြစ်မလာရဲအောင် သေးသေးမွှားမွှားချွတ်ချော်မှုမျိုးကစ၍ တားဆီးရပ်တန့်ရန် သတ္တိရှိရှိ အားမနာ စတမ်းလုပ်ဆောင်နေခြင်းဖြစ်ပါလား၊ သူတို့သည် လူ့အဖွဲ့အစည်း ပိုမိုကောင်းမွန်အောင် မဟုတ်မခံစိတ်ဓာတ်ဖြင့် တစ်နိုင်ငံလုံးက ဝိုင်းဝန်းပဲ့ပြင်ပေးနေကြပါလားဆိုတာ သဘောပေါက်လာပါတော့သည်။ ကောင်းမွန်သော လူ့ဘောင်လောကတခုသည် သူ့အလိုလို နတ်သိကြားများ ဖန်ဆင်းသလို ကိုယ့်ရှေ့သို ရောက်လာမည်မဟုတ်။ ကိုယ်တိုင်ကြိုးစားမှ ဖြစ်လာမည့် အရာများ ဖြစ်သည်။ မြန်မာတို့၏ အားနည်းချက်ဖြစ်သော အားနာသလိုလို၊ အပြောရဲသလိုလို၊ မနိုင်၍ သည်းခံခြင်းလိုလို အညံ့စား စိတ်ဓာတ်တွေကို အားလုံးဝိုင်းဝန်း ပြောင်းလဲကြပါစို့။

Credit - သရဝဏ် (ပြည်)

Comments