သည္းမခံသင့္ေသာအရာမ်ား (၂/၅)

Zawgyi:

(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)


သည္းမခံသင့္ေသာအရာမ်ား

အပိုင္း (၂)

Related image

တိုးရစ္ဂိုက္ဘဝတြင္လည္း ဤနည္းႏွင္ႏွင္ၾကဳံရပါသည္။ မိမိလိုက္လံ ပို႔ေဆာင္ျပသရေသာ ကမၻာလည့္ ခရီးသည္မ်ားႏွင့္ ျမန္မာျပည္အႏွံ့သြားလာရင္း တိုးရစ္မ်ားႏွင့္ ဧည့္လမ္းညႊန္သည္ ငယ္ေပါင္းႀကီးေဖာ္ေဆြမ်ိဳးမ်ားသဖြယ္ အေတာ္ခင္သြားပါသည္။ ရင္းႏွီးလာပါသည္။ သူ႔လိပ္စာကိုယ့္ေပး ကိုယ့္လိပ္စာသူ႔ေပးေတြ ျဖစ္လာပါသည္။ လက္ေဆာင္ေတြအျပန္အလွန္လဲလွယ္ၾကပါသည္။ ထိုသို႔ ရင္းႏွိးသြားသျဖင့္ တိုးရစ္တို႔သည္ ဂိုက္ဘာပဲလုပ္လုပ္ခြင့္လႊတ္လိမ့္မည္ဟု ျမန္မာအေတြးမေတြးေလႏွင့္။ တေန႔တည လည္ပတ္ၾကည့္ရႈရမည့္ ခရီးလွည့္လည္ေရးအစီအစဥ္ စာရြက္ (Tour itinerary) ထဲတြင္ ဥပမာ ဘုရား ၁၀ ဆူသြားေရာက္ လည္ပတ္ၾကဖို႔ ေရးထားသည္ဆိုပါစို႔။ ထိုခရီးစဥ္ထဲတြင္ ဂိုက္က အခ်ိန္မရ၍ျဖစ္ေစ၊ အျခားအေၾကာင္းေၾကာင့္ျဖစ္ေစ သူတို႔ကို ႀကိဳတင္ခြင့္မေတာင္းပဲ ကိုယ့္သေဘာႏွင့္ ကိုယ္ဘုရား ၉ ဆူပဲ ျပသၿပီး ၁ ဆူကိုေတာ့ သိပ္အေရးမႀကီးသျဖင့္ ခ်န္ထား လိုက္သည္ ဆိုပါစို႔။ နိုင္ငံျခားသားတို႔သည္ သူတို႔နိုင္ငံျပန္ေရာက္သည္ႏွင့္ ခရီးစဥ္ထဲမွာ စာရင္းျပထားေသာ လည္ပတ္ရမည့္ေနရာမ်ားအနက္ ဤေနရာကိုေတာ့ ဂိုက္က လိုက္မပို႔သျဖင့္ မေရာက္ခဲ့ရပါဟု နိုင္ငံျခားသားမွ ခရီးသြားေအဂ်င့္မ်ားကို တရားစြဲျခင္း၊ ေလ်ာ္ေၾကးေတာင္းျခင္း တို႔ႏွင့္ ၾကဳံရေတာ့သည္။ ထမင္းစားရာတြင္လည္း စာရြက္ထဲတြင္ အသားသုံးမ်ိဳးဟုေရးထားၿပီး တကယ္စားေသာအခါ အသားႏွစ္မ်ိဳးပဲျဖစ္ေနလၽွင္ သည္းမခံ၊ ဂိုက္ကိုခ်က္ခ်င္းေျပာသည္။ မိခင္နိုင္ငံျပန္ေရာက္လၽွင္ ကုမၸဏီကို တိုင္သည္။ အျခားကိစၥမ်ားမွာလည္း ထိုနည္းႏွင္ႏွင္။

ကၽြန္ေတာ္ဧည့္လမ္းညႊန္ျဖစ္ခါစ ကၽြန္ေတာ္အလုပ္လုပ္ေသာ ခရီးသြားကုမၸဏီတြင္ အဂၤလန္နိုင္ငံမွ နိုင္ငံျခားသား ဧည့္သည္မ်ား ေရာက္လာၾကသည္။ ကားျဖင့္ ခရီးသြားၾကရာတြင္ ယခုေခတ္လို ပုဂၢလိက ဓာတ္ဆီဆိုင္မ်ားမရွိ။ ေမွာင္ခိုဆီဆိုင္မ်ားမွာ ဆီထည့္ၾကရသည္။ ပန္႔ေတြဘာေတြႏွင့္ ထည့္ၾကသည္မဟုတ္။ ကားထဲရွိ ဓာတ္ဆီတိုင္ကီအဖုံးကို ဖြင့္ၿပီး ပုံးလိုက္ေလာင္းထည့္ၾကရသည္။ ထိုသို႔ ဓာတ္ဆီထည့္ေနေသာ ေနရာအနီးတြင္ ကားဒရိုင္ဘာသည္ ေဆးလိပ္ထိုင္ေသာက္ေနသည္။ ထိုသို႔ ေဆးလိပ္ေသာက္ေနေသာပုံကို တိုးရစ္မ်ားက ဓာတ္ပုံရိုက္ၾကသည္။ သူတို႔ နိုင္ငံအဂၤလန္ျပန္ေရာက္ေတာ့ ထိုဓာတ္ပုံကို ျပကာ သူတို႔ကို အႏၲရာယ္ျဖစ္ေစေသာ ေပါ့ဆမႈျဖင့္ ျမန္မာျပည္သို႔ လူပို႔ေသာ အဂၤလန္မွ ခရီးသြားကုမၸဏီကို တရားစြဲသည္။ ေလ်ာ္ေၾကးအေတာ္ေပးလိုက္ရသည္။ သူတို႔ဆီတြင္ ဆရာဝန္ကမွားလၽွင္လည္း တရားစြဲသည္။ ရဲတပ္ဖြဲ႕က မွားယြင္းဖမ္းဆီးလၽွင္လည္း တရားစြဲသည္။ စားေသာက္ဆိုင္က အစားအေသာက္ညံ့လၽွင္ အသစ္ျပန္လဲခိုင္းသည္ (ငန္လြန္းျခင္း၊ စပ္လြန္ျခင္း၊ မူလေၾကညာထားသလို မဟုတ္ျခင္း၊ အသားမ်ားမလတ္ျခင္း စသည္)။ လဲမေပးပါက ေငြျပန္အမ္းခိုင္းသည္။ မရွင္းနိုင္ဟု ေျပာၾကသည္။ ပုဂံ၊ မႏၲေလး၊ ရန္ကုန္ စသည့္ တိုးရစ္အလာမ်ားသည့္ ၿမိဳ႕မ်ားမွ စားေသာက္ဆိုင္မ်ား ထိုသို႔ မၾကာခဏၾကဳံဖူးသည္။ စားသုံးသူ အခြင့္အေရးသူတို႔ဆီမွာ အခိုင္အမာရွိသည္။ ဥပေဒက စားသုံးသူကို အခိုင္အမာ ကာကြယ္ေပးထားသည္။ အိမ္နီးနားခ်င္းမွ ဆူညံသံျပဳလၽွင္ တရားစြဲသည္။ နိုင္ငံျခားသားမ်ားသည္ နိုင္ငံသားရပိုင္ခြင့္ႏွင့္ျဖစ္ေစ၊ လူတစ္ဦးခ်င္း ပုဂၢလိက နစ္နာမႈအတြက္ျဖစ္ေစ မည္သူ႔ကိုမၽွ အားနာျခင္း၊ သည္းခံျခင္းမရွိဘဲ မိမိရပိုင္ခြင့္ကို တိတိက်က် ေတာင္းဆိုေလ့ရွိေၾကာင္း သိရပါသည္။

နိုင္ငံျခားသားမ်ားသည္ အရာရာေခါင္းငုံ႔ကာ သည္းခံတတ္ေသာ အေလ့အထမရွိ။ ေပးရတာႏွင့္ ထိုက္တန္ေသာ ဝန္ေဆာင္မႈကို အျမဲေတာင္းခံသည္။ မရလၽွင္ တိုက္ပြဲဝင္သည္။ ထိုအက်င့္မ်ားေၾကာင့္ ျမန္မာနိုင္ငံရွိ စားေသာက္ဆိုင္မ်ား၊ ဟိုတယ္မ်ားသည္ နိုင္ငံျခားသားကို ဝန္ေဆာင္မႈေပးလၽွင္ ေသေသခ်ာခ်ာ ဂ႐ုစိုက္ၾကသည္။ ငိုလြန္းေသာကေလးနို႔စို႔ရသည္ဆိုသလိုပင္ ကြန္ပလိန္းတက္လြန္းေသာ ဧည့္သည္မွာ ပိုမိုေကာင္းမြန္ေသာ ဝန္ေဆာင္မႈကို ရသည္။ သူတို႔ကို ကေရာ္ကမည္မလုပ္ရဲၾကေပ။ ျမန္မာေတြသည္ သေဘာေကာင္းတာ အားနာတာႏွင့္ ကိုယ့္အခြင့္အေရးကို ကိုယ္ေတာင္းရမွန္းမသိ။ အလြန္အားနာ ၾကသည္။ လိုတာေရာ မလိုတာေရာ သည္းခံေလ့ရွိသည္။ ထိုအခါ ဝန္ေဆာင္မႈေပးသူ၊ ကုန္စည္ေရာင္းခ်သူဘက္က တာဝန္ယူမႈ တာဝန္ခံမႈ မရွိေတာ့ဘဲ ထင္တိုင္ၾကဲလာနိုင္လာသည္။ လုပ္၍ ရသျဖင့္ လုပ္ခ်င္တိုင္းလုပ္လာၾကသည္။ နင္း၍ရျဖင့္ဖိၿပီး နင္းလာၾကသည္။ ျမန္မာ့စိတ္ရင္း သည္းခံျခင္းသည္ ေကာင္း၏။ သို႔ေသာ္ အရာခပ္သိမ္း ေကာင္းသည္မဟုတ္။ သည္းခံသင့္ေသာ ကိစၥကိုသာ သည္းခံ၍ သည္းမခံသင့္ေသာ ကိစၥမ်ားကို နိုင္ငံျခားသားမ်ားလို တရားဝင္ရဲရဲဝံ့ဝံ့ ရင္ဆိုင္တုံ႔ျပန္ရမည္ျဖစ္သည္။

အပိုင္း (၃) ဆက္လက္ဖတ္ရႈရန္..




သည်းမခံသင့်သောအရာများ

အပိုင်း (၂)

Related image


တိုးရစ်ဂိုက်ဘဝတွင်လည်း ဤနည်းနှင်နှင်ကြုံရပါသည်။ မိမိလိုက်လံ ပို့ဆောင်ပြသရသော ကမ္ဘာလည့် ခရီးသည်များနှင့် မြန်မာပြည်အနှံ့သွားလာရင်း တိုးရစ်များနှင့် ဧည့်လမ်းညွှန်သည် ငယ်ပေါင်းကြီးဖော်ဆွေမျိုးများသဖွယ် အတော်ခင်သွားပါသည်။ ရင်းနှီးလာပါသည်။ သူ့လိပ်စာကိုယ့်ပေး ကိုယ့်လိပ်စာသူ့ပေးတွေ ဖြစ်လာပါသည်။ လက်ဆောင်တွေအပြန်အလှန်လဲလှယ်ကြပါသည်။ ထိုသို့ ရင်းနှိးသွားသဖြင့် တိုးရစ်တို့သည် ဂိုက်ဘာပဲလုပ်လုပ်ခွင့်လွှတ်လိမ့်မည်ဟု မြန်မာအတွေးမတွေးလေနှင့်။ တနေ့တည လည်ပတ်ကြည့်ရှုရမည့် ခရီးလှည့်လည်ရေးအစီအစဉ် စာရွက် (Tour itinerary) ထဲတွင် ဥပမာ ဘုရား ၁၀ ဆူသွားရောက် လည်ပတ်ကြဖို့ ရေးထားသည်ဆိုပါစို့။ ထိုခရီးစဉ်ထဲတွင် ဂိုက်က အချိန်မရ၍ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ သူတို့ကို ကြိုတင်ခွင့်မတောင်းပဲ ကိုယ့်သဘောနှင့် ကိုယ်ဘုရား ၉ ဆူပဲ ပြသပြီး ၁ ဆူကိုတော့ သိပ်အရေးမကြီးသဖြင့် ချန်ထား လိုက်သည် ဆိုပါစို့။ နိုင်ငံခြားသားတို့သည် သူတို့နိုင်ငံပြန်ရောက်သည်နှင့် ခရီးစဉ်ထဲမှာ စာရင်းပြထားသော လည်ပတ်ရမည့်နေရာများအနက် ဤနေရာကိုတော့ ဂိုက်က လိုက်မပို့သဖြင့် မရောက်ခဲ့ရပါဟု နိုင်ငံခြားသားမှ ခရီးသွားအေဂျင့်များကို တရားစွဲခြင်း၊ လျော်ကြေးတောင်းခြင်း တို့နှင့် ကြုံရတော့သည်။ ထမင်းစားရာတွင်လည်း စာရွက်ထဲတွင် အသားသုံးမျိုးဟုရေးထားပြီး တကယ်စားသောအခါ အသားနှစ်မျိုးပဲဖြစ်နေလျှင် သည်းမခံ၊ ဂိုက်ကိုချက်ချင်းပြောသည်။ မိခင်နိုင်ငံပြန်ရောက်လျှင် ကုမ္ပဏီကို တိုင်သည်။ အခြားကိစ္စများမှာလည်း ထိုနည်းနှင်နှင်။

ကျွန်တော်ဧည့်လမ်းညွှန်ဖြစ်ခါစ ကျွန်တော်အလုပ်လုပ်သော ခရီးသွားကုမ္ပဏီတွင် အင်္ဂလန်နိုင်ငံမှ နိုင်ငံခြားသား ဧည့်သည်များ ရောက်လာကြသည်။ ကားဖြင့် ခရီးသွားကြရာတွင် ယခုခေတ်လို ပုဂ္ဂလိက ဓာတ်ဆီဆိုင်များမရှိ။ မှောင်ခိုဆီဆိုင်များမှာ ဆီထည့်ကြရသည်။ ပန့်တွေဘာတွေနှင့် ထည့်ကြသည်မဟုတ်။ ကားထဲရှိ ဓာတ်ဆီတိုင်ကီအဖုံးကို ဖွင့်ပြီး ပုံးလိုက်လောင်းထည့်ကြရသည်။ ထိုသို့ ဓာတ်ဆီထည့်နေသော နေရာအနီးတွင် ကားဒရိုင်ဘာသည် ဆေးလိပ်ထိုင်သောက်နေသည်။ ထိုသို့ ဆေးလိပ်သောက်နေသောပုံကို တိုးရစ်များက ဓာတ်ပုံရိုက်ကြသည်။ သူတို့ နိုင်ငံအင်္ဂလန်ပြန်ရောက်တော့ ထိုဓာတ်ပုံကို ပြကာ သူတို့ကို အန္တရာယ်ဖြစ်စေသော ပေါ့ဆမှုဖြင့် မြန်မာပြည်သို့ လူပို့သော အင်္ဂလန်မှ ခရီးသွားကုမ္ပဏီကို တရားစွဲသည်။ လျော်ကြေးအတော်ပေးလိုက်ရသည်။ သူတို့ဆီတွင် ဆရာဝန်ကမှားလျှင်လည်း တရားစွဲသည်။ ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးလျှင်လည်း တရားစွဲသည်။ စားသောက်ဆိုင်က အစားအသောက်ညံ့လျှင် အသစ်ပြန်လဲခိုင်းသည် (ငန်လွန်းခြင်း၊ စပ်လွန်ခြင်း၊ မူလကြေညာထားသလို မဟုတ်ခြင်း၊ အသားများမလတ်ခြင်း စသည်)။ လဲမပေးပါက ငွေပြန်အမ်းခိုင်းသည်။ မရှင်းနိုင်ဟု ပြောကြသည်။ ပုဂံ၊ မန္တလေး၊ ရန်ကုန် စသည့် တိုးရစ်အလာများသည့် မြို့များမှ စားသောက်ဆိုင်များ ထိုသို့ မကြာခဏကြုံဖူးသည်။ စားသုံးသူ အခွင့်အရေးသူတို့ဆီမှာ အခိုင်အမာရှိသည်။ ဥပဒေက စားသုံးသူကို အခိုင်အမာ ကာကွယ်ပေးထားသည်။ အိမ်နီးနားချင်းမှ ဆူညံသံပြုလျှင် တရားစွဲသည်။ နိုင်ငံခြားသားများသည် နိုင်ငံသားရပိုင်ခွင့်နှင့်ဖြစ်စေ၊ လူတစ်ဦးချင်း ပုဂ္ဂလိက နစ်နာမှုအတွက်ဖြစ်စေ မည်သူ့ကိုမျှ အားနာခြင်း၊ သည်းခံခြင်းမရှိဘဲ မိမိရပိုင်ခွင့်ကို တိတိကျကျ တောင်းဆိုလေ့ရှိကြောင်း သိရပါသည်။

နိုင်ငံခြားသားများသည် အရာရာခေါင်းငုံ့ကာ သည်းခံတတ်သော အလေ့အထမရှိ။ ပေးရတာနှင့် ထိုက်တန်သော ဝန်ဆောင်မှုကို အမြဲတောင်းခံသည်။ မရလျှင် တိုက်ပွဲဝင်သည်။ ထိုအကျင့်များကြောင့် မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များသည် နိုင်ငံခြားသားကို ဝန်ဆောင်မှုပေးလျှင် သေသေချာချာ ဂရုစိုက်ကြသည်။ ငိုလွန်းသောကလေးနို့စို့ရသည်ဆိုသလိုပင် ကွန်ပလိန်းတက်လွန်းသော ဧည့်သည်မှာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ရသည်။ သူတို့ကို ကရော်ကမည်မလုပ်ရဲကြပေ။ မြန်မာတွေသည် သဘောကောင်းတာ အားနာတာနှင့် ကိုယ့်အခွင့်အရေးကို ကိုယ်တောင်းရမှန်းမသိ။ အလွန်အားနာ ကြသည်။ လိုတာရော မလိုတာရော သည်းခံလေ့ရှိသည်။ ထိုအခါ ဝန်ဆောင်မှုပေးသူ၊ ကုန်စည်ရောင်းချသူဘက်က တာဝန်ယူမှု တာဝန်ခံမှု မရှိတော့ဘဲ ထင်တိုင်ကြဲလာနိုင်လာသည်။ လုပ်၍ ရသဖြင့် လုပ်ချင်တိုင်းလုပ်လာကြသည်။ နင်း၍ရဖြင့်ဖိပြီး နင်းလာကြသည်။ မြန်မာ့စိတ်ရင်း သည်းခံခြင်းသည် ကောင်း၏။ သို့သော် အရာခပ်သိမ်း ကောင်းသည်မဟုတ်။ သည်းခံသင့်သော ကိစ္စကိုသာ သည်းခံ၍ သည်းမခံသင့်သော ကိစ္စများကို နိုင်ငံခြားသားများလို တရားဝင်ရဲရဲဝံ့ဝံ့ ရင်ဆိုင်တုံ့ပြန်ရမည်ဖြစ်သည်။

အပိုင်း (၃) ဆက်လက်ဖတ်ရှုရန်..

Comments