သည္းမခံသင့္ေသာအရာမ်ား (၄/၅)

Zawgyi:


(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)
သည္းမခံသင့္ေသာအရာမ်ား

အပိုင္း (၄)

Related image


အင္ဒိုနီးရွာနိုင္ငံတြင္ ေလယာဥ္ပ်က္က်မႈအတြက္ အသက္ဆုံးရႈံးခဲ့ရသည့္ ခရီးသည္တဦး၏ မိသားစုက ဘိုးရင္းကုမၸဏီအား တရားစြဲဆိုလိုက္ပါသည္။ ျမန္မာနိုင္ငံတြင္ Air Bagan ေလယာဥ္ပ်က္က်ရာတြင္ အသက္ဆုံးရႈံးခဲ့ရရွာေသာ ဧည့္လမ္းညြန္ မႏြယ္လင္းရွိန္၊ ေလယာဥ္တိုက္မိသျဖင့္ ေသဆုံးခဲ့ေသာ ဆိုင္ကယ္စီးသူဦးျပားတို႔အတြက္ မည္သူ႔ကို တရားစြဲမည္နည္း။ Air Bagan ေလေၾကာင္းကို တရားစြဲလၽွင္ေရာ တရား႐ုံးက ထိုအမႈကို လက္ခံစစ္ေဆးပါမည္ေလာ။ ဖားကန္႔တြင္ ေျမစာပုံပိ၍ ေသၾကသူေတြအတြက္ မည္သူ႔ကို တရားစြဲရမည္နည္း။ EPC ေပါ့ဆသျဖင့္ ေသဆုံးရရွာေသာ နစ္နာသူမ်ားအတြက္ ျပည္သူလူထုက မည္သူ႔ကို တရားစြဲမည္နည္း။ ျမန္မာ့ထုံးစံသည္းခံျခင္းႏွင့္ပဲ ၿပီးၿပီးေပ်ာက္ေပ်ာက္ အသက္ေတြစေတးရမည္လား။ ျမန္မာနိုင္ငံရွိ ေဆး႐ုံေဆးခန္းတို႔တြင္ ဆရာဝန္၏ ေပါ့ဆမႈ၊ သူနာျပဳတို႔၏ေပါ့ဆမႈေၾကာင့္ အသက္မေသသင့္ဘဲ ေသခဲ့ၾကရေသာ လူနာမ်ားစြာရွိသည္။ ထိုအခါ အမွားအယြင္း လုပ္ခဲ့ေသာ ဆရာဝန္ကို ျမန္မာ့ထုံးစံအတိုင္း လူနာ့ကံက ဒီေလာက္ပဲပါလာတာ ေသကံပါလို႔ပဲ မွတ္ပါတယ္ဟု ႀကိတ္မွတ္ခံၾကသူမ်ားသည္။ နိုင္ငံတကာမွာေတာ့ ဆိုးရြားေသာ မွားယြင္းကုသမႈေၾကာင့္ လူေသခဲ့လၽွင္ မည္သူကမွ ခြင့္လႊတ္သည္းခံေလ့မရွိၾက။ ျပစ္မႈေၾကာင္း၊ တရားမေၾကာင္းမ်ားျဖင့္တရားစြဲၾကသည္။ ႀကီးစြာေသည ေထာင္ဒဏ္၊ ေငြဒဏ္ေတြ၊ ေဒၚလာသန္းႏွင့္ခ်ီေသာ ေလ်ာ္ေၾကးေတြေပးၾကရသည္။ ထိုအခါ မည္သည့္ဆရာဝန္မွ နေမာ္နမဲ့မလုပ္ရဲေတာ့။ အဆင့္တိုင္းမွာ မွတ္တမ္းမွတ္ရာ အတိအက်ႏွင့္ ေသေသခ်ာခ်ာ အလုပ္လုပ္ၾကရသည္။

ျမန္မာနိုင္ငံမွာ ခြဲစိတ္ခန္းထဲတြင္ ကတ္ေၾကးက်န္ခဲ့တာ ၂၆ ႏွစ္ၾကာမွ သိရသည္။ ဘာမွတာဝန္ယူမႈ တာဝန္ခံမႈမရွိ။ ခြဲစိတ္ရင္ ဗိုက္ထဲတြင္ ပစၥည္းတခုက်န္ခဲ့သျဖင့္ ျပန္ခြဲရတာ ျမန္မာနိုင္ငံ ေဆး႐ုံေဆးခန္းေတြမွာ ဖန္တရာေတေနေသာ ျဖစ္ရပ္မ်ား ျဖစ္သည္။ ဒါေတြကို ကၽြန္ေတာ္တို႔သည္ သည္းခံသင့္ပါရဲ့လား။ ဗုဒၶဘာသာ တရားေတာ္အရ သည္းခံျခင္းဆိုသည္မွာ ဘာေတြပဲျဖစ္ျဖစ္ လူႏုံလူအေတြလိုေနၾကဆိုသည့္ အဓိပၸာယ္မ်ိဳးမဟုတ္ေခ်။ ဗုဒၶဘာသာ အယူအဆအရ ကံကံ၏အက်ိဳးကို တကယ္ယုံခဲ့သည္ဆိုလၽွင္ အရာရာကို အတိတ္ကံကို လႊဲခ်ေနမည့္အစား၊ မတရားမႈကို လက္မခံေသာ ကံ၊ တရားစြဲျခင္းဆိုေသာကံ၊ ေလ်ာ္ေၾကးေတာင္းျခင္းဆိုေသည ကံမ်ားကို မိမိဘက္က ျပဳလုပ္လိုပါက မေတာ္မတရားမလုပ္ရဲေတာ့ျခင္းဆိုသည့္ ကံ၏အက်ိဳး၊ လူလူခ်င္း အနိုင္အထက္ျပဳမႈ နည္းပါးသြားျခင္းဆိုသည့္ ကံ၏အက်ိဳးမ်ားကို ခံစားၾကရေပလိမ့္မည္။ သာယာဝေျပာေသာ လူ႔ေဘာင္ဟူသည့္ အက်ိဳး၊ တရားဥပေဒစိုးမိုးျခင္းဟူသည့္ အက်ိဳးဆက္တို႔ကို ရရွိေပလိမ့္မည္။

ေသာင္က်န္းေနေသာက်ားဆိုးကို မကိုင္ပါရန္ အသနားခံျခင္းသည္ ကံကံ၏ အက်ိဳးမဟုတ္၊ ထိုက်ားထြက္ေျပးသြားေအာင္ ေသနတ္ျဖင့္ပစ္ျခင္း၊ ဒူးေလးျဖင့္ပစ္ျခင္း၊ မီးျဖင့္ေျခာက္ျခင္းတို႔သည္သာ က်ားေျပးေစေသာ ကံမ်ားျဖစ္သည္။ ဘာမွမလုပ္ပဲ ငုတ္တုတ္ခံေနျခင္းသည္ ေရွးဘဝကကံကိုသည အားကိုးေနျခင္းျဖစ္၍ ဤဘဝ၌ ထိုက္သင့္ေသာ တန္ျပန္တိုက္စစ္ဆင္ျခင္းသည္ ကံအသစ္မ်ားကို ျပဳလုပ္ေနျခင္းျဖစ္သည္။ ထိုသို႔ျပဳလုပ္ပါက ကံ၏ အက်ိဳးတရားသစ္မ်ား ေပၚထြန္းလာပါလိမ့္မည္။ ခ်မ္းေျမ့ဆရာေတာ္ ဘုန္းႀကီး၏ ကံႏွင့္တမလြန္ဘဝစာအုပ္တြင္ ကံအမ်ိဳးမ်ိဳးအေၾကာင္းကို ရွင္းလင္းျပတ္သားစြာ ေရးသားထားပါသည္။ နိုင္ငံေက်ာ္ဆရာေတာ္ႀကီးတပါး ဆြမ္းခံႂကြရာလမ္းတြင္ ကၽြဲဆိုတေကာင္ေသာင္းက်န္းေနရာ ဆရာေတာ္ႀကီးက ေမတၱာပို႔ပါေသာ္လည္း ကၽြဲႀကီးသည္ ေဝွ႕ရန္ ေျပးလာေနေလသည္။ ေမတၱာပို႔ေသာ္လည္း ကၽြဲဆိုးသည္ ေဝွ႕ရန္နီးသထက္နီးေအာင္ ေျပးလာေနေပသည္။ ထိုအခုဆရာေတာ္၏ ကပၸိယႀကီးက ဆြမ္းခံရာတြင္ အသုံးျပဳေသာ ဆိုင္းထမ္းမွ ထမ္းပိုးျဖင့္ ကၽြဲ၏ႏွာႏုကို ျဖတ္ရိုက္လိုက္မွ ကၽြဲလည္းလန္႔ၿပီး ထြက္ေျပးသည္ ဟူ၏။ ထိုအခါ ဆရာေတာ္ႀကီးက "ေအး တခါတေလေတာ့ ထမ္းပိုးကလည္း မသုံးဝင္မွပါေပတယ္ကြာ" ဟု ေျပာေသာဟူ၏။ ဆိုလိုရင္းမွာ ထမ္းပိုးႏွင့္ ႏွာႏုျဖတ္ရိုက္ျခင္းသည္ အေၾကာင္း၊ ကၽြဲဆိုးထြက္ေျပးျခင္းသည္ အက်ိဳးတရာ ျဖစ္ေပ၏။ ထိုအရာသည္လည္း cause and effect ေခၚ ကံကံ၏အက်ိဳးပင္ ျဖစ္သည္။

အပိုင္း (၅) ဆက္လက္ဖတ္ရႈရန္..


Unicode:

သည်းမခံသင့်သောအရာများ

အပိုင်း (၄)

Related image


အင်ဒိုနီးရှာနိုင်ငံတွင် လေယာဉ်ပျက်ကျမှုအတွက် အသက်ဆုံးရှုံးခဲ့ရသည့် ခရီးသည်တဦး၏ မိသားစုက ဘိုးရင်းကုမ္ပဏီအား တရားစွဲဆိုလိုက်ပါသည်။ မြန်မာနိုင်ငံတွင် Air Bagan လေယာဉ်ပျက်ကျရာတွင် အသက်ဆုံးရှုံးခဲ့ရရှာသော ဧည့်လမ်းညွန် မနွယ်လင်းရှိန်၊ လေယာဉ်တိုက်မိသဖြင့် သေဆုံးခဲ့သော ဆိုင်ကယ်စီးသူဦးပြားတို့အတွက် မည်သူ့ကို တရားစွဲမည်နည်း။ Air Bagan လေကြောင်းကို တရားစွဲလျှင်ရော တရားရုံးက ထိုအမှုကို လက်ခံစစ်ဆေးပါမည်လော။ ဖားကန့်တွင် မြေစာပုံပိ၍ သေကြသူတွေအတွက် မည်သူ့ကို တရားစွဲရမည်နည်း။ EPC ပေါ့ဆသဖြင့် သေဆုံးရရှာသော နစ်နာသူများအတွက် ပြည်သူလူထုက မည်သူ့ကို တရားစွဲမည်နည်း။ မြန်မာ့ထုံးစံသည်းခံခြင်းနှင့်ပဲ ပြီးပြီးပျောက်ပျောက် အသက်တွေစတေးရမည်လား။ မြန်မာနိုင်ငံရှိ ဆေးရုံဆေးခန်းတို့တွင် ဆရာဝန်၏ ပေါ့ဆမှု၊ သူနာပြုတို့၏ပေါ့ဆမှုကြောင့် အသက်မသေသင့်ဘဲ သေခဲ့ကြရသော လူနာများစွာရှိသည်။ ထိုအခါ အမှားအယွင်း လုပ်ခဲ့သော ဆရာဝန်ကို မြန်မာ့ထုံးစံအတိုင်း လူနာ့ကံက ဒီလောက်ပဲပါလာတာ သေကံပါလို့ပဲ မှတ်ပါတယ်ဟု ကြိတ်မှတ်ခံကြသူများသည်။ နိုင်ငံတကာမှာတော့ ဆိုးရွားသော မှားယွင်းကုသမှုကြောင့် လူသေခဲ့လျှင် မည်သူကမှ ခွင့်လွှတ်သည်းခံလေ့မရှိကြ။ ပြစ်မှုကြောင်း၊ တရားမကြောင်းများဖြင့်တရားစွဲကြသည်။ ကြီးစွာသေည ထောင်ဒဏ်၊ ငွေဒဏ်တွေ၊ ဒေါ်လာသန်းနှင့်ချီသော လျော်ကြေးတွေပေးကြရသည်။ ထိုအခါ မည်သည့်ဆရာဝန်မှ နမော်နမဲ့မလုပ်ရဲတော့။ အဆင့်တိုင်းမှာ မှတ်တမ်းမှတ်ရာ အတိအကျနှင့် သေသေချာချာ အလုပ်လုပ်ကြရသည်။

မြန်မာနိုင်ငံမှာ ခွဲစိတ်ခန်းထဲတွင် ကတ်ကြေးကျန်ခဲ့တာ ၂၆ နှစ်ကြာမှ သိရသည်။ ဘာမှတာဝန်ယူမှု တာဝန်ခံမှုမရှိ။ ခွဲစိတ်ရင် ဗိုက်ထဲတွင် ပစ္စည်းတခုကျန်ခဲ့သဖြင့် ပြန်ခွဲရတာ မြန်မာနိုင်ငံ ဆေးရုံဆေးခန်းတွေမှာ ဖန်တရာတေနေသော ဖြစ်ရပ်များ ဖြစ်သည်။ ဒါတွေကို ကျွန်တော်တို့သည် သည်းခံသင့်ပါရဲ့လား။ ဗုဒ္ဓဘာသာ တရားတော်အရ သည်းခံခြင်းဆိုသည်မှာ ဘာတွေပဲဖြစ်ဖြစ် လူနုံလူအတွေလိုနေကြဆိုသည့် အဓိပ္ပာယ်မျိုးမဟုတ်ချေ။ ဗုဒ္ဓဘာသာ အယူအဆအရ ကံကံ၏အကျိုးကို တကယ်ယုံခဲ့သည်ဆိုလျှင် အရာရာကို အတိတ်ကံကို လွှဲချနေမည့်အစား၊ မတရားမှုကို လက်မခံသော ကံ၊ တရားစွဲခြင်းဆိုသောကံ၊ လျော်ကြေးတောင်းခြင်းဆိုသေည ကံများကို မိမိဘက်က ပြုလုပ်လိုပါက မတော်မတရားမလုပ်ရဲတော့ခြင်းဆိုသည့် ကံ၏အကျိုး၊ လူလူချင်း အနိုင်အထက်ပြုမှု နည်းပါးသွားခြင်းဆိုသည့် ကံ၏အကျိုးများကို ခံစားကြရပေလိမ့်မည်။ သာယာဝပြောသော လူ့ဘောင်ဟူသည့် အကျိုး၊ တရားဥပဒေစိုးမိုးခြင်းဟူသည့် အကျိုးဆက်တို့ကို ရရှိပေလိမ့်မည်။

သောင်ကျန်းနေသောကျားဆိုးကို မကိုင်ပါရန် အသနားခံခြင်းသည် ကံကံ၏ အကျိုးမဟုတ်၊ ထိုကျားထွက်ပြေးသွားအောင် သေနတ်ဖြင့်ပစ်ခြင်း၊ ဒူးလေးဖြင့်ပစ်ခြင်း၊ မီးဖြင့်ခြောက်ခြင်းတို့သည်သာ ကျားပြေးစေသော ကံများဖြစ်သည်။ ဘာမှမလုပ်ပဲ ငုတ်တုတ်ခံနေခြင်းသည် ရှေးဘဝကကံကိုသည အားကိုးနေခြင်းဖြစ်၍ ဤဘဝ၌ ထိုက်သင့်သော တန်ပြန်တိုက်စစ်ဆင်ခြင်းသည် ကံအသစ်များကို ပြုလုပ်နေခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပါက ကံ၏ အကျိုးတရားသစ်များ ပေါ်ထွန်းလာပါလိမ့်မည်။ ချမ်းမြေ့ဆရာတော် ဘုန်းကြီး၏ ကံနှင့်တမလွန်ဘဝစာအုပ်တွင် ကံအမျိုးမျိုးအကြောင်းကို ရှင်းလင်းပြတ်သားစွာ ရေးသားထားပါသည်။ နိုင်ငံကျော်ဆရာတော်ကြီးတပါး ဆွမ်းခံကြွရာလမ်းတွင် ကျွဲဆိုတကောင်သောင်းကျန်းနေရာ ဆရာတော်ကြီးက မေတ္တာပို့ပါသော်လည်း ကျွဲကြီးသည် ဝှေ့ရန် ပြေးလာနေလေသည်။ မေတ္တာပို့သော်လည်း ကျွဲဆိုးသည် ဝှေ့ရန်နီးသထက်နီးအောင် ပြေးလာနေပေသည်။ ထိုအခုဆရာတော်၏ ကပ္ပိယကြီးက ဆွမ်းခံရာတွင် အသုံးပြုသော ဆိုင်းထမ်းမှ ထမ်းပိုးဖြင့် ကျွဲ၏နှာနုကို ဖြတ်ရိုက်လိုက်မှ ကျွဲလည်းလန့်ပြီး ထွက်ပြေးသည် ဟူ၏။ ထိုအခါ ဆရာတော်ကြီးက "အေး တခါတလေတော့ ထမ်းပိုးကလည်း မသုံးဝင်မှပါပေတယ်ကွာ" ဟု ပြောသောဟူ၏။ ဆိုလိုရင်းမှာ ထမ်းပိုးနှင့် နှာနုဖြတ်ရိုက်ခြင်းသည် အကြောင်း၊ ကျွဲဆိုးထွက်ပြေးခြင်းသည် အကျိုးတရာ ဖြစ်ပေ၏။ ထိုအရာသည်လည်း cause and effect ခေါ် ကံကံ၏အကျိုးပင် ဖြစ်သည်။

အပိုင်း (၅) ဆက်လက်ဖတ်ရှုရန်..

























Comments