ဘဲပုံျပင္
Zawgyi:
(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)
စာေရးသူတို႔ ျမန္မာလူငယ္ေတြကို တိုက္ရိုက္ေျပာေနသလားလို႔ ထင္ရတယ့္ ပုံျပင္ေလးတစ္ပုဒ္ကို ေျပာျပခ်င္ပါတယ္ … စာေရးသူ ေဟာေျပာပြဲတိုင္းလိုလို ထည့္ေျပာေလ့ရွိတဲ့ ပုံျပင္တစ္ပုဒ္ပါ …
တစ္ခါတုန္းက ေတာအုပ္ႀကီးတစ္ခုမွာ ျမင္းတစ္ေကာင္ရယ္ … ငွက္တစ္ေကာင္ရယ္… ငါးတစ္ေကာင္ရယ္ … ဘဲတစ္ေကာင္ရယ္ ရွိၾကတယ္ … ။ ျမင္းဆိုတဲ့ သတၱဝါက အေျပးသန္တယ္ … ငွက္က အျမင့္ပ်ံနိုင္တယ္ … ငါးက ေရကူးျမန္တယ္ … ဘဲကေတာ့ ေျပးလို႔လည္း ရတယ္ … ပ်ံလို႔လည္း ရတယ္ … ေရလည္း ကူးတတ္တယ္ …။ အမွတ္တမဲ့ ၾကည့္လိုက္ရင္ ဘက္စုံတတ္တဲ့သူ ဆိုၿပီး အထင္ႀကီးနိုင္ပါတယ္။ ဒါေပမယ့္ တကယ္ေသေသခ်ာခ်ာ စဥ္းစားၾကည့္လိုက္ရင္ ဘဲဟာ ေျပးေတာ့လည္း ျမင္းေလာက္ မေျပးနိုင္ ပါဘူး …. ပ်ံေတာ့လည္း ငွက္ေလာက္ မပ်ံနိုင္ပါဘူး … ေရကူးေတာ့လည္း ငါးေလာက္ မကူးတတ္ဘူး … ဟိုစပ္စပ္ ဒီစပ္စပ္ နဲ႔ ဒီေန႔ေခတ္စကားနဲ႔ ေျပာရင္ ဘဲဟာ ဘယ္ဘက္မွာမွ professional မျဖစ္ပါဘူး … ။ ဒါေၾကာင့္ ဘက္စုံဆိုတဲ့စကားဟာ အမွတ္တမဲ့ၾကည့္လိုက္ရင္ အထင္ႀကီးစရာလို ထင္ရေပမယ့္ ဘက္စုံတတ္တာေတာ့ ဟုတ္ပါတယ္ … တကယ္ ကၽြမ္းက်င္ရဲ့လားဆိုတာက ဆန္းစစ္ၾကည့္ဖို႔ လိုပါလိမ့္မယ္။
စာေရးသူတို႔ ျမန္မာလူငယ္ အခ်ိဳ႕ဟာလည္း ပုံျပင္ထဲက ဘဲလိုပဲ ဟိုစပ္စပ္ ဒီစပ္စပ္ေတြ လိုက္လုပ္ၿပီး professional မျဖစ္တာေတြ ေတြ႕ေနရပါတယ္ … ။ ေခတ္ရဲ့ လိုအပ္ခ်က္ ဒါမွမဟုတ္ လႊမ္းမိုးမႈ ေတြ အေပၚမူတည္ၿပီး သင္တန္းေပါင္းစုံကို လိုက္တက္ၾကပါတယ္ … LCCI ဆိုရင္ လိုက္ၿပီးေတာ့ LCCI တက္ၾကတယ္ … Management ဆိုရင္ Management … သေဘၤာသား ဆိုေတာ့လည္း သေဘၤာသား … LCCI ေလာက္နဲ႔ မရေတာ့ဘူး ACCA ဆိုေတာ့ ACCA ကိုရီးယားသြားတာေတြ ေခတ္စား လာေတာ့ ကိုရီးယား … ဒီၾကားထဲ ေဆးဝါးကၽြမ္းက်င္ေတြ ဘာေတြေတာင္ အဆစ္ပါလိုက္ေသးတယ္ … ။ အခုလည္း MBA ဆို အားလုံးက MBA ေနၾကျပန္ၿပီ …. အဲဒီလို သင္တန္းေပါင္း မ်ားစြာကို တက္ၿပီးေတာ့ Certificate ေတြ စုထားလိုက္ၾကတာ … တစ္ခ်ိဳ႕ခ်ိဳ႕ေတြမွာ အိမ္ေဆာက္ရင္ အမိုးအကာေတာင္ မလိုေတာ့ဘဲ ရထားတဲ့ လက္မွတ္ေတြနဲ႔ မိုးလို႔ ကာလို႔ ရေလာက္ေအာင္ မ်ားၾကပါတယ္ … ။
ၿပီးေတာ့ ဘာကို ေသေသခ်ာခ်ာ ကၽြမ္းက်င္လဲလို႔ ေမးလိုက္ရင္ ဟိုဟာလည္း သိသလိုလို … ဒီဟာလည္း တတ္သလိုလို နဲ႔ ဘာမွကို ေရေရရာရာ မတတ္ဘူး ျဖစ္ေနတတ္ၾကပါတယ္ … ။ တကယ္စိတ္ဝင္စားလို႔ တကယ္လိုအပ္လို႔ တက္ရင္ ဘယ္သင္တန္းမဆို တက္ပါ … တက္ၿပီးရင္လည္း တတ္ေအာင္ လုပ္ပါ … တကယ္တတ္ကၽြမ္းက်င္ရင္ တကယ္ ေနရာရွိပါတယ္ … ။ ဘာမွ မတတ္ရင္ေတာ့ ဘယ္ေလာက္ပဲ လက္မွတ္ေတြကိုင္ထားပါေစ … ေနရာရဖို႔ မလြယ္ပါဘူး … ။ ဟိုတစ္ေလာက္က “ဆယ္တန္းမွာ ဝိဇၨာ ဘာသာတြဲ ယူတဲ့သူေတြ နည္းလာတယ္ လို႔” ဂ်ာနယ္ထဲမွာ ဖတ္လိုက္ရတယ္ … ။ ပထဝီ၊ သမိုင္း စတဲ့ ဝိဇၨာ ဘာသာရပ္ေတြနဲ႔ ေက်ာင္းၿပီးရင္ ဘာမွ လုပ္လို႔မရဘူးလို႔ ယူဆၾကတဲ့အတြက္ ယူတဲ့ သူေတြ နည္းလာတာပါလို႔ ဖတ္ရပါတယ္ … ။ ဒါဆိုရင္ သမိုင္းပညာရွင္ႀကီး ေဒါက္တာ သန္းထြန္း၊ ျမန္မာစာပါေမာကၡ ဆရာႀကီး ဦးေဖေမာင္တင္တို႔ လို လူမ်ိဳးေတြကို ဘယ္လို ေပၚထြက္လာပါသလဲ … ။
နိုင္ငံတစ္နိုင္ငံဆိုတာ က႑တစ္ခုတည္းနဲ႔ တည္ေဆာက္ထားတာ မဟုတ္ပါဘူး … သက္ဆိုင္ရာရာ က႑အလိုက္ တတ္ကၽြမ္းက်င္တဲ့သူေတြ လိုပါတယ္ … ။ က႑တစ္ခုတည္းမွာ စုျပဳံေနလို႔ အဆင္မေၿပ ပါဘူး … ။
ဒါေၾကာင့္ ဝင္ေငြေကာင္းတာ … လူေျပာမ်ားတာေတြထက္ ကိုယ္တကယ္ လုပ္ခ်င္တဲ့ နယ္ပယ္ကို ေရြးၿပီး တတ္ကၽြမ္းက်င္ေအာင္ ေလ့လာသင္ယူၾကေစခ်င္ပါတယ္ … ။
ျမန္မာလူငယ္ေတြ ပုံျပင္ထဲက ဘဲလို မျဖစ္ေစဖို႔ ဘယ္ေနရာမွာ ဘယ္နယ္ပယ္မွာ ျဖစ္ပါေစ … တကယ္တတ္ကၽြမ္းက်င္ေအာင္ လုပ္ၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ ….
“လူငယ္တိုင္း သက္ဆိုင္ရာ နယ္ပယ္အသီးသီးမွာ တတ္ကၽြမ္းက်င္ၿပီး ေအာင္ျမင္နိုင္ၾကပါေစ … ”
ေအာင္ကိုဦး(UMK)
Unicode:
စာရေးသူတို့ မြန်မာလူငယ်တွေကို တိုက်ရိုက်ပြောနေသလားလို့ ထင်ရတယ့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ် … စာရေးသူ ဟောပြောပွဲတိုင်းလိုလို ထည့်ပြောလေ့ရှိတဲ့ ပုံပြင်တစ်ပုဒ်ပါ …
တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ်… ငါးတစ်ကောင်ရယ် … ဘဲတစ်ကောင်ရယ် ရှိကြတယ် … ။ မြင်းဆိုတဲ့ သတ္တဝါက အပြေးသန်တယ် … ငှက်က အမြင့်ပျံနိုင်တယ် … ငါးက ရေကူးမြန်တယ် … ဘဲကတော့ ပြေးလို့လည်း ရတယ် … ပျံလို့လည်း ရတယ် … ရေလည်း ကူးတတ်တယ် …။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။ ဒါပေမယ့် တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် ပါဘူး …. ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး … ရေကူးတော့လည်း ငါးလောက် မကူးတတ်ဘူး … ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရင် ဘဲဟာ ဘယ်ဘက်မှာမှ professional မဖြစ်ပါဘူး … ။ ဒါကြောင့် ဘက်စုံဆိုတဲ့စကားဟာ အမှတ်တမဲ့ကြည့်လိုက်ရင် အထင်ကြီးစရာလို ထင်ရပေမယ့် ဘက်စုံတတ်တာတော့ ဟုတ်ပါတယ် … တကယ် ကျွမ်းကျင်ရဲ့လားဆိုတာက ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့ မြန်မာလူငယ် အချို့ဟာလည်း ပုံပြင်ထဲက ဘဲလိုပဲ ဟိုစပ်စပ် ဒီစပ်စပ်တွေ လိုက်လုပ်ပြီး professional မဖြစ်တာတွေ တွေ့နေရပါတယ် … ။ ခေတ်ရဲ့ လိုအပ်ချက် ဒါမှမဟုတ် လွှမ်းမိုးမှု တွေ အပေါ်မူတည်ပြီး သင်တန်းပေါင်းစုံကို လိုက်တက်ကြပါတယ် … LCCI ဆိုရင် လိုက်ပြီးတော့ LCCI တက်ကြတယ် … Management ဆိုရင် Management … သင်္ဘောသား ဆိုတော့လည်း သင်္ဘောသား … LCCI လောက်နဲ့ မရတော့ဘူး ACCA ဆိုတော့ ACCA ကိုရီးယားသွားတာတွေ ခေတ်စား လာတော့ ကိုရီးယား … ဒီကြားထဲ ဆေးဝါးကျွမ်းကျင်တွေ ဘာတွေတောင် အဆစ်ပါလိုက်သေးတယ် … ။ အခုလည်း MBA ဆို အားလုံးက MBA နေကြပြန်ပြီ …. အဲဒီလို သင်တန်းပေါင်း များစွာကို တက်ပြီးတော့ Certificate တွေ စုထားလိုက်ကြတာ … တစ်ချို့ချို့တွေမှာ အိမ်ဆောက်ရင် အမိုးအကာတောင် မလိုတော့ဘဲ ရထားတဲ့ လက်မှတ်တွေနဲ့ မိုးလို့ ကာလို့ ရလောက်အောင် များကြပါတယ် … ။
ပြီးတော့ ဘာကို သေသေချာချာ ကျွမ်းကျင်လဲလို့ မေးလိုက်ရင် ဟိုဟာလည်း သိသလိုလို … ဒီဟာလည်း တတ်သလိုလို နဲ့ ဘာမှကို ရေရေရာရာ မတတ်ဘူး ဖြစ်နေတတ်ကြပါတယ် … ။ တကယ်စိတ်ဝင်စားလို့ တကယ်လိုအပ်လို့ တက်ရင် ဘယ်သင်တန်းမဆို တက်ပါ … တက်ပြီးရင်လည်း တတ်အောင် လုပ်ပါ … တကယ်တတ်ကျွမ်းကျင်ရင် တကယ် နေရာရှိပါတယ် … ။ ဘာမှ မတတ်ရင်တော့ ဘယ်လောက်ပဲ လက်မှတ်တွေကိုင်ထားပါစေ … နေရာရဖို့ မလွယ်ပါဘူး … ။ ဟိုတစ်လောက်က “ဆယ်တန်းမှာ ဝိဇ္ဇာ ဘာသာတွဲ ယူတဲ့သူတွေ နည်းလာတယ် လို့” ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ် … ။ ပထဝီ၊ သမိုင်း စတဲ့ ဝိဇ္ဇာ ဘာသာရပ်တွေနဲ့ ကျောင်းပြီးရင် ဘာမှ လုပ်လို့မရဘူးလို့ ယူဆကြတဲ့အတွက် ယူတဲ့ သူတွေ နည်းလာတာပါလို့ ဖတ်ရပါတယ် … ။ ဒါဆိုရင် သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း၊ မြန်မာစာပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်တို့ လို လူမျိုးတွေကို ဘယ်လို ပေါ်ထွက်လာပါသလဲ … ။
နိုင်ငံတစ်နိုင်ငံဆိုတာ ကဏ္ဍတစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး … သက်ဆိုင်ရာရာ ကဏ္ဍအလိုက် တတ်ကျွမ်းကျင်တဲ့သူတွေ လိုပါတယ် … ။ ကဏ္ဍတစ်ခုတည်းမှာ စုပြုံနေလို့ အဆင်မပြေ ပါဘူး … ။
ဒါကြောင့် ဝင်ငွေကောင်းတာ … လူပြောများတာတွေထက် ကိုယ်တကယ် လုပ်ချင်တဲ့ နယ်ပယ်ကို ရွေးပြီး တတ်ကျွမ်းကျင်အောင် လေ့လာသင်ယူကြစေချင်ပါတယ် … ။
မြန်မာလူငယ်တွေ ပုံပြင်ထဲက ဘဲလို မဖြစ်စေဖို့ ဘယ်နေရာမှာ ဘယ်နယ်ပယ်မှာ ဖြစ်ပါစေ … တကယ်တတ်ကျွမ်းကျင်အောင် လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ ….
“လူငယ်တိုင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ တတ်ကျွမ်းကျင်ပြီး အောင်မြင်နိုင်ကြပါစေ … ”
အောင်ကိုဦး(UMK)

ဘဲပုံပြင်

Comments
Post a Comment