သည္းမခံသင့္ေသာအရာမ်ား (၃/၅)

Zawgyi:

(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)


သည္းမခံသင့္ေသာအရာမ်ား

အပိုင္း (၃)

Related image


ထားဝယ္တြင္ ၂၀၁၈ နိုဝင္ဘာ ၁၅ ရက္က ကိုးတန္းေက်ာင္းသားတဦးကို ရဲက မသကၤာမႈျဖင့္ ဖမ္းဆီးကာ ထိုးႀကိတ္စစ္ေဆးမႈျဖစ္ခဲ့သည္။ ထားဝယ္ေဆး႐ုံဝင္းအတြင္း (ဝန္ထမ္းအိမ္ရာ) တြင္ ေနထိုင္သည့္ေက်ာင္းသားသည္ မိခင္ႏွင့္စိတ္ဆိုးၿပီး အိမ္ေပၚမွ ဆင္းလာခ်ိန္ တီဘီေရာဂါဓာတ္ခြဲခန္းအနီး အေရာက္တြင္ ရဲတပ္ဖြဲ႕ဝင္ ေလးဦးပါသည့္ အဖြဲ႕က အသကၤာမႈျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း ေက်ာင္းသား၏ ဖခင္ဦးေက်ာ္စိုးမိုးက ဆိုသည္။ ဖမ္းဆီးခံရသူကို ဆိုင္ကယ္ေပၚတက္ခိုင္းစဥ္ ေခါင္းကိုရိုက္ႏွက္ၿပီး ေဆး႐ုံအခ်ဳပ္ခန္းထဲေရာက္ခ်ိန္တြင္ လက္ထိပ္ခတ္ကာ မ်က္ႏွာကို ေလးခ်က္ခန္႔ထိုးခဲ့ေၾကာင္းသားျဖစ္သူက ျပန္ေျပာခဲ့သည္ဟု ဖခင္ကဆိုသည္။ ဖမ္းဆီးသည့္ရဲတပ္ဖြဲ႕ယင္ေလးဦးတြင္ အရာရွိတဦးတည္းကသာ ထိုးႀကိတ္ျခင္းျဖစ္ၿပီး အဆိုပါ အရာရွိမွာ အရက္မူးေနေၾကာင္း ေက်ာင္းသား၏ ဖခင္ဦးေက်ာ္စိုးမိုးကဆိုသည္။ ရဲစခန္းက အေၾကာင္းၾကားသျဖင့္ သားျဖစ္သူကို ရဲစခန္းတြင္ ခံဝန္ျဖင့္ သြားထုတ္ခဲ့ရၿပီး သားျဖစ္သူတြင္ မ်က္စိဖူးေရာင္ဒဏ္ရာႏွင့္ နားထင္တြင္ ဒဏ္ရာမ်ားရွိေနေၾကာင္း ဖခင္ျဖစ္သူက ေျပာသည္။ ထားဝယ္ၿမိဳ႕မရဲစခန္းမႉးကမူ အဆိုပါေက်ာင္းသား၏ မ်က္လုံးတြင္ရရွိေသာ ဒဏ္ရာမွာ သီးျခားထိုးႀကိတ္ျခင္းမဟုတ္ဘဲ ဆြဲရင္း႐ုန္းရင္ထိခိုက္ မိျခင္းဟုဆိုကာ ထိန္းသိမ္းတဲ့အခ်ိန္မွာ ေမးတာလည္း မေျပာဘူး၊ မေခ်မငံဆက္ဆံတဲ့ သေဘာလည္းရွိတယ္။ ေခါင္းစြပ္အမည္းကို ဆြဲခၽြတ္ခ်ိန္မွာမ်က္လုံးကို ထိခိုက္မိတဲ့သေဘာရွိတယ္ဟု ေဆေဝွ႕ရန္ေရွာင္၊ ထမင္းရည္ပူရွာလႊဲဆိုသည္။ တည့္တည့္ေျပာရလၽွင္ စခန္းမႉးသည္ မိမိဘက္ေတာ္သားရဲမ်ား အျပစ္ေပါ့ေစရန္ မခိုင္လုံေသာဆင္ေျခကိုေပးခဲ့ျခင္းျဖစ္သည္။ ထိုသို႔ယုတၱိမရွိ ကာကြယ္ေျပာေနသူမ်ားကိုလည္း အျပစ္ေပးသင့္သည္။

လူတေယာက္၏ အကၤ်ီေခါင္းစြပ္ကိုဆြဲဖယ္ရာတြင္ မ်က္စိဖူးေရာင္ဒဏ္ရာရနိုင္စရာမရွိ။ နားထင္တြင္ ဒဏ္ရာမ်ားရစရာမရွိေပ။ တဖန္ေမးခြန္းကို မေျဖခ်င္လၽွင္ မေျဖဘဲ ေနနိုင္ခြင့္လည္း ထိန္းသိမ္းခံရသူတြင္ ရွိသည္။ ထိုသို႔မေျဖသည့္အတြက္ ရိုက္ႏွက္ညႇဥ္းပန္းခြင့္ ရဲတြင္မရွိေပ။ ရဲလက္စြဲဥပေဒ အခန္း(၃)ခ်ဳပ္ေႏွာင္ထားျခင္း (CM403) တြင္ ေရွ႕ေနသည္ ခ်ဳပ္ရမန္မေပးရန္ ကန္႔ကြက္နိုင္သည္။ အာမခံေပးရန္ႏွင့္အျခားေလၽွာက္ထားခ်က္မ်ားကို ျပဳလုပ္ခြင့္ရွိသည္။ ရဲက ႏွိပ္စက္လၽွင္ အေရးယူေပးရန္ တရားသူႀကီးအား တင္ျပနိုင္သည္ဟူ၍ ပါသည္။ ထို႔အျပင္ ဖမ္းဆီးခံေနရခ်ိန္တြင္ ျပင္ပဧည့္သည္၊ မိတ္ေဆြ၊ ေရွ႕ေနတို႔ႏွင့္ ေတြ႕ဆိုခြင့္ရွိသည္၊ ဥပေဒအႀကံဉာဏ္ ရယူခြင့္ရွိသည္ဟုလည္း ျပဠာန္းထားပါသည္။ ထို႔အျပင္ ဖမ္းဆီးခံရသူသည္ နဝမတန္းေက်ာင္းသားအရြယ္သာ ရွိေသးေသာေၾကာင့္ ကေလးသူငယ္ဥပေဒအရ ေပးအပ္ေသာ အခြင့္အေရးမ်ားကို ရထိုက္ေပသည္။ ရဲကလူတစ္ေယာက္ကို မသကၤာတိုင္း ဖမ္းဆီးထိုးႀကိတ္ႏွိပ္စက္ခြင့္မရွိ။ ရဲတပ္ဖြဲ႕ဝင္မ်ားက တာဝန္ခ်ိန္တြင္ အရက္ေသစာ ေသာက္စားခြင့္မရွိ။ ထို႔ေၾကာင့္ ဥပေဒခ်ိဳးေဖာက္ကာ ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္ႏွိပ္စက္ေသာ ရဲကို ကေလးမိဘမ်ားက အမႈဖြင့္ အေရးယူရမည္ျဖစ္သည္။

သည္းခံျခင္းသည္ ဤေနရာတြင္ေဆာင္ရြက္ရမည့္ ကိစၥမဟုတ္။ ျမန္မာလူမ်ိဳးတို႔၏ သည္းခံျခင္း၊ ၿပီးလြယ္စီးလြယ္ရွိေစျခင္း၊ သံသရာမရွည္ခ်င္ျခင္း၊ ႐ုံးျပင္ကနား မေရာက္လိုျခင္းတို႔သည္ ဥပေဒစိုးမိုးေရး တာဝန္ရွိသူမ်ား တစတစထင္ရာစိုင္းရန္ အားေပးအားေျမႇာက္ ျပဳေပးသလို ရွိပါသည္။ ဥပေဒခ်ိဳး ေဖာက္ေသာရဲမ်ားကို ျပည္သူလူထုက လက္သင့္မခံဖို႔ လိုသည္။ ေတာ္လွန္ၾကဖို႔လိုသည္။ ႏွိပ္စက္ၿပီးမွ ေတာင္းပန္တာကို လက္သင့္မခံဖို႔ လိုသည္။ ယခင္ကလည္း ရဲစခန္းမ်ားတြင္ တရားခံကို စစ္ေဆးစဥ္ လူေသဆုံးမႈ မၾကာမဏ ရွိခဲ့ဖူး၏။ ယခုအမႈတြင္ နိုဝင္ဘာ၁၆ ရက္ေန႔ေန႔လယ္ပိုင္းက ထားဝယ္ရဲစခန္းမွ ဒုရဲအုပ္တဦးႏွင့္ ရဲၾကပ္တဦးတို႔က ေက်ာင္းသား၏အေဒၚျဖစ္သူ ထမင္းဆိုင္သို႔ လာေရာက္ၿပီး ေတာင္းပန္ခဲ့သည္ဟု ဦးေက်ာ္စိုးမိုးက ဆိုသည္။ "အမႈေတာ့ မလုပ္ခ်င္ပါဘူး၊ သံသယရွိတိုင္း ေခၚၿပီးရိုက္စစ္လို႔ရသလားလို႔ ရိုက္တဲ့သူကိုေမးခ်င္တယ္" ဟု ဖခင္ျဖစ္သူက ေျပာခဲ့သည္။ ဤသို႔သည္းခံ သူမ်ားေလေလ၊ ေနာင္အနာဂတ္တြင္ ျပညသ္သူလုထုကို စိတ္ႀကိဳက္ထင္သလို ႏွိပ္စက္ခြင့္ေပးသလို ျဖစ္ေလေလျဖစ္ေပမည္။ ဤႏွိပ္စက္ခံရေသာ ကေလးသည္ စင္ကာပူနိုင္ငံ၊ အေမရိကန္နိုင္ငံ၊ ဥေရာပနိုင္ငံမ်ား၌ ျဖစ္ခဲ့လၽွင္ မည္သည့္ မိဘမွ သည္းခံလိမ့္မည္မဟုတ္။ ထိုသို႔တဦးခ်င္းက သည္းမခံသည့္အတြက္ ထိုနိုင္ငံမ်ားတြင္ မည္သည့္ရဲမွ ဥပေဒမဲ့ ထင္တိုင္းၾကဲမႈ မျပဳဝံ့ၾကေပ။ ျမန္မာျပည္မွာေတာ့ ျပည္သူလူထု၏ သည္းခံမႈေတြသည္ ေနာင္အမႈေတြဆက္ကာဆက္ကာျဖစ္ေအာင္ အားေပးကူညီသလို ရွိေနပါေတာ့သည္။ အလုံတြင္လည္း လက္ကိုင္ဖုန္းခိုးသူအျဖစ္ အသကၤာဟုဆို လုပ္ငန္းရွင္တဦးကို ရဲက ဖမ္းဆီးႏွိပ္စက္မႈျဖစ္ခဲ့ေလသည္။ ထိုကိစၥတြင္လည္း ၿပီးၿပီးေရာသေဘာထားမလား။ ေနာင္ထိုသို႔ မွားယြင္းဖမ္းဆီးမႈ၊ ႏွိပ္စက္မႈတို႔ မျဖစ္ေစရန္ သည္းမခံသင့္သည့္ ေနရာမွာ သည္းမခံဘဲ တန္ျပန္တရားစြဲမည္းလားဆို စဥ္းစားၾကဖို႔ေကာင္းသည္။ ထိုသို႔ေသာ အမႈမ်ိဳး တနိုင္ငံလုံးမွာ ရွိသည္။ မတရားအမႈဆင္ကာ မူးယစ္ေဆးဝါးအမႈျဖင့္ စြပ္စြဲခံရေသာ သားဖြားဆရာမေလး၏ အမႈတြင္လည္း အာမခံရၿပီဆိုေသာ္လည္း အမႈဆင္ေခ်ာက္ခ် တိုင္ၾကားသူကို သက္ဆိုင္ရာက ယေန႔တိုင္မေဖာ္ထုတ္ေပးေသးေပ။

အပိုင္း (၄) ဆက္ဖတ္ရန္..


Unicode:



သည်းမခံသင့်သောအရာများ

အပိုင်း (၃)


Related image


ထားဝယ်တွင် ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်က ကိုးတန်းကျောင်းသားတဦးကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးကာ ထိုးကြိတ်စစ်ဆေးမှုဖြစ်ခဲ့သည်။ ထားဝယ်ဆေးရုံဝင်းအတွင်း (ဝန်ထမ်းအိမ်ရာ) တွင် နေထိုင်သည့်ကျောင်းသားသည် မိခင်နှင့်စိတ်ဆိုးပြီး အိမ်ပေါ်မှ ဆင်းလာချိန် တီဘီရောဂါဓာတ်ခွဲခန်းအနီး အရောက်တွင် ရဲတပ်ဖွဲ့ဝင် လေးဦးပါသည့် အဖွဲ့က အသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ကျောင်းသား၏ ဖခင်ဦးကျော်စိုးမိုးက ဆိုသည်။ ဖမ်းဆီးခံရသူကို ဆိုင်ကယ်ပေါ်တက်ခိုင်းစဉ် ခေါင်းကိုရိုက်နှက်ပြီး ဆေးရုံအချုပ်ခန်းထဲရောက်ချိန်တွင် လက်ထိပ်ခတ်ကာ မျက်နှာကို လေးချက်ခန့်ထိုးခဲ့ကြောင်းသားဖြစ်သူက ပြန်ပြောခဲ့သည်ဟု ဖခင်ကဆိုသည်။ ဖမ်းဆီးသည့်ရဲတပ်ဖွဲ့ယင်လေးဦးတွင် အရာရှိတဦးတည်းကသာ ထိုးကြိတ်ခြင်းဖြစ်ပြီး အဆိုပါ အရာရှိမှာ အရက်မူးနေကြောင်း ကျောင်းသား၏ ဖခင်ဦးကျော်စိုးမိုးကဆိုသည်။ ရဲစခန်းက အကြောင်းကြားသဖြင့် သားဖြစ်သူကို ရဲစခန်းတွင် ခံဝန်ဖြင့် သွားထုတ်ခဲ့ရပြီး သားဖြစ်သူတွင် မျက်စိဖူးရောင်ဒဏ်ရာနှင့် နားထင်တွင် ဒဏ်ရာများရှိနေကြောင်း ဖခင်ဖြစ်သူက ပြောသည်။ ထားဝယ်မြို့မရဲစခန်းမှူးကမူ အဆိုပါကျောင်းသား၏ မျက်လုံးတွင်ရရှိသော ဒဏ်ရာမှာ သီးခြားထိုးကြိတ်ခြင်းမဟုတ်ဘဲ ဆွဲရင်းရုန်းရင်ထိခိုက် မိခြင်းဟုဆိုကာ ထိန်းသိမ်းတဲ့အချိန်မှာ မေးတာလည်း မပြောဘူး၊ မချေမငံဆက်ဆံတဲ့ သဘောလည်းရှိတယ်။ ခေါင်းစွပ်အမည်းကို ဆွဲချွတ်ချိန်မှာမျက်လုံးကို ထိခိုက်မိတဲ့သဘောရှိတယ်ဟု ဆေဝှေ့ရန်ရှောင်၊ ထမင်းရည်ပူရှာလွှဲဆိုသည်။ တည့်တည့်ပြောရလျှင် စခန်းမှူးသည် မိမိဘက်တော်သားရဲများ အပြစ်ပေါ့စေရန် မခိုင်လုံသောဆင်ခြေကိုပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ယုတ္တိမရှိ ကာကွယ်ပြောနေသူများကိုလည်း အပြစ်ပေးသင့်သည်။

လူတယောက်၏ အင်္ကျီခေါင်းစွပ်ကိုဆွဲဖယ်ရာတွင် မျက်စိဖူးရောင်ဒဏ်ရာရနိုင်စရာမရှိ။ နားထင်တွင် ဒဏ်ရာများရစရာမရှိပေ။ တဖန်မေးခွန်းကို မဖြေချင်လျှင် မဖြေဘဲ နေနိုင်ခွင့်လည်း ထိန်းသိမ်းခံရသူတွင် ရှိသည်။ ထိုသို့မဖြေသည့်အတွက် ရိုက်နှက်ညှဉ်းပန်းခွင့် ရဲတွင်မရှိပေ။ ရဲလက်စွဲဥပဒေ အခန်း(၃)ချုပ်နှောင်ထားခြင်း (CM403) တွင် ရှေ့နေသည် ချုပ်ရမန်မပေးရန် ကန့်ကွက်နိုင်သည်။ အာမခံပေးရန်နှင့်အခြားလျှောက်ထားချက်များကို ပြုလုပ်ခွင့်ရှိသည်။ ရဲက နှိပ်စက်လျှင် အရေးယူပေးရန် တရားသူကြီးအား တင်ပြနိုင်သည်ဟူ၍ ပါသည်။ ထို့အပြင် ဖမ်းဆီးခံနေရချိန်တွင် ပြင်ပဧည့်သည်၊ မိတ်ဆွေ၊ ရှေ့နေတို့နှင့် တွေ့ဆိုခွင့်ရှိသည်၊ ဥပဒေအကြံဉာဏ် ရယူခွင့်ရှိသည်ဟုလည်း ပြဠာန်းထားပါသည်။ ထို့အပြင် ဖမ်းဆီးခံရသူသည် နဝမတန်းကျောင်းသားအရွယ်သာ ရှိသေးသောကြောင့် ကလေးသူငယ်ဥပဒေအရ ပေးအပ်သော အခွင့်အရေးများကို ရထိုက်ပေသည်။ ရဲကလူတစ်ယောက်ကို မသင်္ကာတိုင်း ဖမ်းဆီးထိုးကြိတ်နှိပ်စက်ခွင့်မရှိ။ ရဲတပ်ဖွဲ့ဝင်များက တာဝန်ချိန်တွင် အရက်သေစာ သောက်စားခွင့်မရှိ။ ထို့ကြောင့် ဥပဒေချိုးဖောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်သော ရဲကို ကလေးမိဘများက အမှုဖွင့် အရေးယူရမည်ဖြစ်သည်။

သည်းခံခြင်းသည် ဤနေရာတွင်ဆောင်ရွက်ရမည့် ကိစ္စမဟုတ်။ မြန်မာလူမျိုးတို့၏ သည်းခံခြင်း၊ ပြီးလွယ်စီးလွယ်ရှိစေခြင်း၊ သံသရာမရှည်ချင်ခြင်း၊ ရုံးပြင်ကနား မရောက်လိုခြင်းတို့သည် ဥပဒေစိုးမိုးရေး တာဝန်ရှိသူများ တစတစထင်ရာစိုင်းရန် အားပေးအားမြှောက် ပြုပေးသလို ရှိပါသည်။ ဥပဒေချိုး ဖောက်သောရဲများကို ပြည်သူလူထုက လက်သင့်မခံဖို့ လိုသည်။ တော်လှန်ကြဖို့လိုသည်။ နှိပ်စက်ပြီးမှ တောင်းပန်တာကို လက်သင့်မခံဖို့ လိုသည်။ ယခင်ကလည်း ရဲစခန်းများတွင် တရားခံကို စစ်ဆေးစဉ် လူသေဆုံးမှု မကြာမဏ ရှိခဲ့ဖူး၏။ ယခုအမှုတွင် နိုဝင်ဘာ၁၆ ရက်နေ့နေ့လယ်ပိုင်းက ထားဝယ်ရဲစခန်းမှ ဒုရဲအုပ်တဦးနှင့် ရဲကြပ်တဦးတို့က ကျောင်းသား၏အဒေါ်ဖြစ်သူ ထမင်းဆိုင်သို့ လာရောက်ပြီး တောင်းပန်ခဲ့သည်ဟု ဦးကျော်စိုးမိုးက ဆိုသည်။ "အမှုတော့ မလုပ်ချင်ပါဘူး၊ သံသယရှိတိုင်း ခေါ်ပြီးရိုက်စစ်လို့ရသလားလို့ ရိုက်တဲ့သူကိုမေးချင်တယ်" ဟု ဖခင်ဖြစ်သူက ပြောခဲ့သည်။ ဤသို့သည်းခံ သူများလေလေ၊ နောင်အနာဂတ်တွင် ပြညသ်သူလုထုကို စိတ်ကြိုက်ထင်သလို နှိပ်စက်ခွင့်ပေးသလို ဖြစ်လေလေဖြစ်ပေမည်။ ဤနှိပ်စက်ခံရသော ကလေးသည် စင်ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများ၌ ဖြစ်ခဲ့လျှင် မည်သည့် မိဘမှ သည်းခံလိမ့်မည်မဟုတ်။ ထိုသို့တဦးချင်းက သည်းမခံသည့်အတွက် ထိုနိုင်ငံများတွင် မည်သည့်ရဲမှ ဥပဒေမဲ့ ထင်တိုင်းကြဲမှု မပြုဝံ့ကြပေ။ မြန်မာပြည်မှာတော့ ပြည်သူလူထု၏ သည်းခံမှုတွေသည် နောင်အမှုတွေဆက်ကာဆက်ကာဖြစ်အောင် အားပေးကူညီသလို ရှိနေပါတော့သည်။ အလုံတွင်လည်း လက်ကိုင်ဖုန်းခိုးသူအဖြစ် အသင်္ကာဟုဆို လုပ်ငန်းရှင်တဦးကို ရဲက ဖမ်းဆီးနှိပ်စက်မှုဖြစ်ခဲ့လေသည်။ ထိုကိစ္စတွင်လည်း ပြီးပြီးရောသဘောထားမလား။ နောင်ထိုသို့ မှားယွင်းဖမ်းဆီးမှု၊ နှိပ်စက်မှုတို့ မဖြစ်စေရန် သည်းမခံသင့်သည့် နေရာမှာ သည်းမခံဘဲ တန်ပြန်တရားစွဲမည်းလားဆို စဉ်းစားကြဖို့ကောင်းသည်။ ထိုသို့သော အမှုမျိုး တနိုင်ငံလုံးမှာ ရှိသည်။ မတရားအမှုဆင်ကာ မူးယစ်ဆေးဝါးအမှုဖြင့် စွပ်စွဲခံရသော သားဖွားဆရာမလေး၏ အမှုတွင်လည်း အာမခံရပြီဆိုသော်လည်း အမှုဆင်ချောက်ချ တိုင်ကြားသူကို သက်ဆိုင်ရာက ယနေ့တိုင်မဖော်ထုတ်ပေးသေးပေ။

အပိုင်း (၄) ဆက်ဖတ်ရှုရန်..

Comments