သည်းမခံသင့်သောအရာများ (၁/၅)
Zawgyi:
(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)
အပိုင်း (၁)
အပိုင်း (၂) ဆက်ရန်..
Unicode:
အပိုင်း (၁)
ကျွန်တော်သည် ၁၉၉၅ မှစကာ ဧည့်လမ်းညွန် (Tour Guide) အဖြစ်ဆောင်ရွက်ခဲ့ရာ အနှစ် ၂၀ ကျော်ကာလအတွင်း နိုင်ငံခြားသား (အထူးသဖြင့် အနောက်တိုင်းသား) များစွာနှင့် လက်ပွန်းတတီးအနီးကပ် နေထိုင်သွားလာခဲ့ရပါသည်။ တိုးဂိုက်အလုပ်မလုပ်ခင်ကလည်း ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် အလုပ်လုပ်ခဲ့သေးရာ စင်ကာပူနှင့် မလေးရှားနိုင်ငံသား အထက်လူကြီးများနှင့်လည်း လုပ်ငန်းခွင်တွင် ကြုံတွေ့ခဲ့ဖူးလေသည်။ ဆိုလိုရင်းမှာ နိုင်ငံခြားသားများနှင့် ပတ်သက်၍ အရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် လူမျိူးအတော်စုံစုံ ပြောဆိုဆက်ဆံတွေ့ကြုံဖူးခြင်းဖြစ်ပါသည်။
ထိုအခါတွင် သတိထားမိလာသော အချက်မှာ နိုင်ငံခြားသားတော်တော်များများသည် မြန်မာလူမျိူးတော်တော်များများလို အားနာတတ်သောစိတ်ထားမရှိခြင်း ဖြစ်သည်။ သူတို့စိတ်ထဲဝယ် မဖြစ်သင့်မဖြစ်ထိုက်ဘူးဟု ထင်မြင်ယူဆသောကိစ္စများကို အားမနာတမ်း ဝေဖန်ပြောဆိုလေ့ရှိပါသည်။ သည်းမခံနိုင်စရာ ကိစ္စဆိုလျှင် သည်းခံလေ့မရှိဘဲ ချက်ချင်းစောဒက (complaint) တက်လေ့ရှိပါသည်။ သည်းခံအားနာခြင်းမရှိပါ။
ကျွန်တော်အင်္ဂလန်နိုင်ငံသို့ရောက်ရှိစဉ် ကျွန်တော့်ကို ဖိတ်ခေါ်သော အင်္ဂလိပ်လူမျိုးအစ္စတာကင်ဟာ ဒီနေ့အိမ်၌နေစဉ် ရေချိုးခန်းအတွင်း နေရောင်ကာ ယင်းလိပ်ကလေးမှာ ကျွန်တော့်ကြောင့် ပျက်သွားပါသည်။ အတင်အချလုပ်၍ မရတော့ပါ။ ထိုအခါ ကျွန်တော်က ထိုယင်းလိပ်မှာ ကျွန်တော့်ကြောင့် ပျက်သွားပါကြောင်း၊ ထိုအတွက် ကျွန်တော်လျော်ပါမည်ဟု ပြောလိုက်ပါသည်။ ကျွန်တော့်စိတ်ထဲတွင် ထိုမျှလောက်သော ပစ္စည်းတစ်ခုအတွက် ကျွန်တော့်ထံမှ လျော်ကြေးယူလိမ့်မည်မဟုတ်ဟု ယူဆသဖြင့် လျော်ပါမည်ဟု လောကဝတ်သဘောပြောလိုက်ခြင်းပင်ဖြစ်ပါသည်။ တနည်းအားဖြင့် မြန်မာပီပီ အိမ်ရှင်အားနာတတ်မည်ထင်ကာ လောကွတ်ချော်မိခြင်းဖြစ်ပါသည်။
သို့သော် မစ္စတာဟာဒီက ထိုရေချိုးခန်း ယင်းလိပ်ကလေးမည်မျှတန်ဖိုးရှိကြောင်း အင်တာနက်တွင် ဈေးနှုန်းရှာကြည့်ပြီး ကျွန်တော့်ကို ပေါင် ၂၀ လားမသိ လျော်ခိုင်းပါသည်။ ထိုအခါ ကျွန်တော်သည် တော်တော်အံဩသွားပါသည်။ ဧည့်သည်ထံမှ အိမ်ရှင်က အလျော်တောင်းခြင်းသည် အတော်ရိုင်းပျသော အပြုအမူဖြစ်ပါသည်။ မစ္စတာ ဟာဒီကတော့ ခပ်တည်တည်ပင်။ ကျွန်တော့်ပိုက်ဆံကို ယူပါသည်။ ထိုသို့လျော်ကြေးယူသော်လည်း မူလက ကတိခံထားသော အိမ်ရှင်ဝတ္တရားအတိုင်း နေ့လယ်စာ၊ ညစာများကိုတော့ ကျွန်တော့်ကို ကျွေးပါသည်။ ကျန်သော ကိစ္စများမှာလည်း ပုံမှန်သာ ဖြစ်ပါသည်။ စိတ်ဆိုး၍ အလျော်ယူခြင်းမဟုတ်။ ယူသင့်ယူထိုက်သော နစ်နာကြေးအတွက် အလျော်ယူသော သဘောသာဖြစ်ပါသည်။ ထိုကိစ္စတွင် မြန်မာတို့၏ စိတ်နှင့် အတော်ကွာခြားတာကို သတိထားမိပါသည်။
အပိုင်း (၂) ဆက်ရန်..
(အောက်တွင် Unicode ဖြင့်ဖတ်ရန်။)
သည်းမခံသင့်သောအရာများ
Comments
Post a Comment